" ကျန်းအာ..." ရှန်းချွန်းမင် သည် အင်းးးး ဟု အသံတစ်ချက်ပြုရင်း တစ်ဖက်သို့ ပြန်လှည့်အိပ်နေပြန်သည့် သူမလေးကြောင့် ခပ်ဖွဖွ တစ်ချက်ရယ်လိုက်သည် ။ " အပျင်းအိုးလေး.."
အငြိမ်မနေသဖြင့် ဖရိုဖရဲဖြစ်နေသည့် ခရမ်းရောင် ဝတ်ရုံလွှာသည် အနည်းငယ်လျော့ကျနေခဲ့ကာ သူမရဲ့ ပုခုံးသား ဖြူနုနုလေးသည် အထင်းသားပေါ်နေခဲ့ကာ လှပသည့် လည်ပင်းညှပ်ရိုးလေးသည် ကိုက်ခဲထားချင်စရာကောင်းလှသည် ။ ရှန်းချွန်းမင်သည် သူမလေး၏ ပါးမို့မို့လေးအား လက်ဖြင့် ညင်သာစွာ ပွတ်သပ်လိုက်သည် ။ သူ့မျက်ဝန်းထဲတွင် နူးညံ့ညင်သာမှု တို့သည် အဆုံးမဲ့ ထွက်ပေါ်နေသည် ။
အထိအတွေ့ ကို ခံစားမိ၍ထင် သူမလေး၏ ရီဝေနေသည့် မျက်ဝန်းများသည် ဖြေးညင်းစွာ ဖွင့်လာခဲ့သည် ။ သို့သော် အဆုံးထိ မဖွင့်လာဘဲ... မျက်လုံးကို မှေးကျဉ်းလျက် လက်နှစ်ဖက်ကို သူ့ထံသို့ ဆန့်တန်းလာခဲ့သည် ။
ရှန်းချွန်းမင် သည် အလိုက်တသိပင် သူမအား ပွေ့ ချီလိုက်သည် ။ သူ့ရင်ခွင်ထဲတွင် တဖန်ပြန်အိပ်ပျော်သွားပြန်သည့် သူမလေးကြောင့် မတက်သာဟန်ဖြင့် ခေါင်းခါပြီးသာ ရယ်မောလိုက်သည်။ အမှန်ဆို သူတို့သည် အိပ်ဖို့လိုမနေခဲ့ပေ။
" အရူးမလေး..ဘယ်လိုလုပ် ဒီလောက်တောင် အိပ်နိုင်ရတာလဲ .. " ပြောရင်း စူနေသည့် နူတ်ခမ်းလေးအား ငုံ့နမ်းလိုက်သည် ။ ' ကြည့်... သူ့ကို ပြောနေတာ သိတာတောင် ထမလာဘူး '
" ထပ်အိပ်နေရင် ကိုယ်အပြစ်ပေးရတော့မယ်.."
ဖြတ်ခနဲ ဖွင့်လာသည့် မျက်ဝန်းတစ်စုံသည် တောက်ပကြည်လင်နေခဲ့သည် ။ လက်နှစ်ဖက်က သူအား ဖက်တွယ်လျက် နှစ်လိုဖွယ် ပြုံးပြလာသည် ။ " ဟီးးဟီးး ဟုတ်သား..မေ့တော့မလို့... ဒီနေ့ အိမ်ပြန်ရဦးမယ် " သူ့ပါးပြင်အား တစ်ချက်နမ်းကာ လက်ပေါ်မှ ဆင်းပြေးချင်နေသည့် သူမလေးအား ပြန်လည်ပင့်တင်လိုက်ကာ " ဘယ်ကို ပြေးချင်နေတာလဲ.. "
" ဟဲဟဲ .... ဟိုနားလေး..." တောင်ကြည့်မြောက်ကြည့် လုပ်ကာ ပြောနေကာ ရယ်မောနေသည့် ပုံစံလေး ကိုကြည့်ရင်း ရှန်းချွန်းမင် သည် မျက်လုံးမှိတ်လိုက်ရင်း ခေါင်းကို အသာခါလိုက်သည် ။ ' ကြာရင် ငါ စိတ်လွှတ်တော့မယ် '
