ချင်းပေက ပေါက်ကွဲသွားသည့် ဂိုထောင်အား ကြည့်ရင်း ကောင်းကင်သို့မော့ကာ ကျိန်ဆဲမိတော့မတက်ဖြစ်သွားသည်။ မူလက အမှောင်အဖွဲ့နဲ့ ပြန်တွေ့ရန် လီရှောက်ဝမ်၏ လူများပြန်သွားချိန်တွင် ပြန်လာခဲ့ခြင်းပင် ။ သို့သော် မည်သူကသိမည်နည်း ထိုလူများက ချိန်ကိုက်ဗုံးကိုပင် ထောင်ထားခဲ့ကြသေးသည်။ ကံကောင်းသည်က လီရှောက်ဝမ်၏ လူများက လျင်မြန်စွာ ပြန်သွားကြခြင်းပင်။ " မဟုတ်ရင် အချောင်သေကြဦးမယ် "
ဗုံးပေါက်ကွဲမှုကို မမျှော်လင့်ထားသဖြင့် သူမက ပေါက်ကွဲမှာ၏ အစွန်းအဖျားကို ခံလိုက်ရသေးသည်။ ချင်းပေက သစ်ပင်တစ်ပင်အောက်တွင် လှဲနေရင်း သူမ သတိမလွှတ်သွားအောင် ထိန်းနေရသည်။ ရှောင်ကျိုနဲ့ စိတ်ချင်းဆက်သွယ် မှုကို ဖြတ်ထားသဖြင့် သူမတို့က ဆက်သွယ်နိုင်ခြင်းမရှိပေ ။
" ချီးးး ကံဆိုးလိုက်တာ "
ယခု သူမတွင် သေနတ်ဒဏ်ရာရော ပေါက်ကွဲမှု ဒဏ်ရောခံထားရသေးသည်။ တခြားလူသာ သူမနေရာတွင် ဖြစ်ပါက သေဆုံးသွားတော့မည် ဖြစ်သည်။
အမှောင်အဖွဲ့ က ပြန်ရောက်လာသည့် အချိန်တွင် ချင်းပေက သတိပင် မကပ်တော့ဘဲ မေ့မျောသွားတော့သည်။
__________________________
" ကောင်းကောင်းအသက်ရှင်သွားနော် " သူမအား ပြုံးပြရင်း တဖြေးဖြေးပျောက်ကွယ်နေသော သူ။" မဟုတ်ဘူး မလုပ်နဲ့!!! " ချင်းပေက အလန့်တကြား နိုးထလာခဲ့သည်။
" Host နိုးပြီလား .." ရှောင်ကျိုက သူမနားသို့ အလျင်အမြန်ရောက်လာကာ မောဟိုက်နေသည့် သူမအား ရေတစ်ခွက်ကမ်းပေးသည်။
ချင်းပေက ရေခွက်ကို မယူဘဲ ရှောင်ကျို၏ လက်အား ဆုပ်ကိုင်လိုက်ကာ " သူ ..သူ. ငါ..ငါ သူ့ကို တွေ့လို့ရနိုင်မလား .. မဟုတ်ဘူး.. သူ အဆင်ပြေလား သိနိုင်ရင် ရပြီ "
ရှောင်ကျိုက ချင်းပေ၏ လက်အား အသာပုတ်လိုက်ကာ " host က ဝိညာဉ်အားနည်းနေတဲ့ အချိန်မို့ အရင်ကအကြောင်းတွေကို ပြန်အိမ်မက်မက်နေတာပါ .." ချင်းပေသည် လီရှောင်းယန်၏ ကံတရားအား မထိခိုက်ဘဲ အရှိန်အဝါ ကို ယူနိုင်ရန် သူမရဲ့ ဝိညာဉ်စွမ်းအင် တစ်ဝက်ကျော်လောက် အသုံးပြုခဲ့ရသည်။ ထိုအပြင် အမှောင်အဖွဲ့ကို ကယ်သည့်အချိန်တွင် သူမရဲ့ ခန္ဓာကိုယ်က အပြင်းအထန် ထိခိုက်သွားခဲ့သေးသည်။ အတွင်းအပြင် နှစ်ခုလုံး ဒဏ်ရာရနေသည့် အချိန်ဖြစ်ပြီး အလွန်အားနည်းနေသည်။