လီရှောင်းယန်က မနက်စာစားပွဲတွင် စာရွက်စာတမ်းကြည့်နေရင်း တစ်ချက်မော့ကြည့်လိုက်သည်။ သူက မျက်မှောင်ကြုတ်ရင်း အသားညှပ်ပေါင်မုန့်အား ယူရန် လက်လှမ်းနေသည့် ချင်းပေအား " အခုတလော ဘာတွေလုပ်နေတာလဲ အခန်းထဲမှာဘဲနေတာ ကျန်းမာရေးအတွက် မကောင်းဘူး "
ချင်းပေက ပလုတ်ပလောင်းစားရင်း ခေါင်းတဆတ်ဆတ်ညိတ်လိုက်ပြလိုက်သည်။ စား ပြီးတာနဲ့ သူမက အခန်းတွင်သို့ အလျင်အမြန်ပြန်ဝင်သွားသည်။ သူမက ဒီအတောအတွင်း လက်မှုပညာကိုလေ့လာနေခြင်း ဖြစ်သည်။ စာအုပ်အတွင်းပါသည့် နည်းလမ်းမှာ ချီစွမ်းအင်ကို အသုံးပြုကာ ပုံသွင်းခြင်း ဖြစ်ပြီး ပန်းပဲပညာနဲ့ မတူပေ ။ ထိုအတွက် သူမက ကျင့်ကြံခြင်းတွင် စိတ်နှစ်ထားကာ ချီစုဆောင်းနေခြင်းပင် ။ ကံကောင်းသည်က ဝိညာဉ်စွမ်းအင်များက ချီစွမ်းအင် လှည်ပတ်မှုကို ကောင်းမွန်စေသဖြင့် သူမ၏ ချီစွမ်းအင် စုဆောင်းမှုသည် အဆင့်တစ်ခုသို့ ရောက်နေပြီ ဖြစ်သည်။ ယနေ့ သူမက စတင်ကာ ထုလုပ်ရန် ပြင်နေခြင်းပင် ။
နောက်တစ်ပတ်တွင် သူမက city H သို့ သွားရတော့မည် ဖြစ်သဖြင့် လီရှောင်းယန်နဲ့ အခြားသူများအတွက် အကာအကွယ်များ ပြုလုပ်ပေးထားခဲ့ချင်သည်။ အားစစ်မှနေ၍ ယွမ်ရှောင်ရှောင်းသည် ကျောက်စိမ်းအမြောက်အမြားကို အသုံးပြုကာ ရတနာဆိုင် တစ်ခု ဖွင့်လှစ်ခဲ့သည် ဟု ကြားသိခဲ့ရသည်။ ယွမ်ရှောင်ရှောင်းသည် ခြေလှမ်းစတင်နေပြီ ဖြစ်သဖြင့် သူမကလည်း ပြင်ဆင်မှုများ ပြုလုပ်ရတော့မည် ။
လီရှောင်းယန်က အပေါ်တက်သွားသော ချင်းပေထံမှ အကြည့်လွဲ၍ တိတ်တဆိတ်ထိုင်နေသည့် ရှဲ့ယောင် ဘက်သို့ လှည့်လိုက်သည်။ သူက မျက်နှာကို ခပ်တင်းတင်းထားကာ " ငါ့အိမ်က အရမ်းနေလို့ကောင်းလို့ .. မင်းက အခုထိ ရှဲ့အိမ်ကို မပြန်သေးတာလား " သူက ချင်းပေအား ပြောလို့မရသဖြင့် သူက စိတ်ထွက်ပေါက်အဖြစ် ရှဲ့ယောင်အား ဆူပူလိုက်သည်။
ရှဲ့ယောင်က လက်ဂုတ်ကို အရှက်ပြေ ပွတ်လိုက်ကာ " ကျွန်တော်... ကျွန်တော် .." သူက ချင်းပေ အလုပ်များနေတာ သိသဖြင့် ထိုကိစ္စအား ထပ်မပြောတော့သော်လည်း အိမ်မှ ထွက်သွားရန် စိတ်ကူးမရှိပေ ။ သူရဲ့ မသိစိတ်အရ ကြီးမားသည့် အန္တရာယ်က နီးကပ်လာသည့် ဟု ထင်ရသည်။ ယွမ်ရှောင်ရှောင်း ထံသွားချင်နေသည့် စိတ်ကိုလည်း ခနခန ချိုးနှိမ်ထားရသည်။
