ချင်းပေက စိတ်လေသည့် မျက်နှာထား ဆိုဖာပေါ်တွင် ခေါင်းကို ဖိကိုင်လျက် ထိုင်နေသည်။ အားစစ် ကလည်း သူမနောက်တွင် ရပ်နေကာ ရှန်းချွန်းမင်အား သတိအနေအထားဖြင့်ကြည့်နေသည်။ သူမက ချင်းပေအား မပြောခဲ့ဘဲ ရှန်းချွန်းမင်အား နောက်ကို မလာရန် သတိပေးခဲ့ဘူးသည်။ သို့သော် ရလဒ်သည်က သူမသည် ရိုက်နှက်ခံလိုက်ရပြီး ဂိုထောင်ထဲတွင် ပိတ်ခံလိုက်ရသည်သာ။
ရှန်းချွန်းမင် ယခုအချိန်တွင် သူ့အား မည်သူလာပြောပြော ဂရုမစိုက်သည့် ပုံစံဖြင့်သာ သူ၏ အဝတ်အစားနဲ့ ပစ္စည်းများကို သေချာစွာ ထားနေသည်။
ခနအကြာအားစစ်သည် ဖုန်းပြောပြီးနောက် သူမက မသွားချင်သည့် ပုံစံဖြင့် ချင်းပေအား ကြည့်လိုက်သည်။ ချင်းပေက လက်ကာပြလိုက်ကာ " သွားပါ ဘာမှမဖြစ်ဘူး .. စိတ်မပူနဲ့ "
" ရှန်းချွန်းမင် !! " ချင်းပေက အဝတ်အစားများထည့်နေသည့် ထိုသူ ရှေ့တွင် ရပ်လိုက်သည်။
မော့မကြည့်ခဲ့ပါဘဲ ရှန်းချွန်းမင် သည် ဖြေလာသည်။
" အင်းးး ခနလေး ပြီးတော့မှာ "
ချင်းပေက ထိုင်ချလိုက်ရင်း အဝတ်များကို လက်ညိုးဖြင့် ထိုးလိုက်ကာ " ဒါက ဘာအဓိပ္ပာယ် လဲ ... ဟမ် "
ယခုတခါတွင်တော့ ချင်းပေ ဘက်သို့ လှည့်လာသည် ။ သူက ပြုံးရင်း " ဒီမှာ နေမလို့လေ .. " ကိုယ်ဘေးနားမှာ မရှိတဲ့ အချိန် တစ်ယောက်ယောက်က အခွင့်အရေးယူသွားရင် ဘယ်လိုလုပ်မလဲ .။
" ငါ..." ချင်းပေက သူမ နထင်ကို နာနာလေး ဖိနှိပ်ထားရသည်။ ' ဒီတစ်ယောက်က ဘာဖြစ်ချင်နေတာလဲ ' နွီရှန်းပြောပုံအရဆို ဆိုးကျိုးခံစားရသူက ဒီလို ဖြစ်မနေသင့်ဘူးလေ ။ ဒါကြောင့် ရှန်းချွန်းမင် သည် သူမအားအကျင့်တစ်ခုလို စွဲလမ်းနေသည် ဟု မှတ်ယူထားသည် ။ သူမက ပျော်ရွင်စွာ အဝတ်ထည့်နေသည့် ရှန်းချွန်းမင်အား ကြည့်လိုက်သည် ။ သူက သူ့ဆုံးဖြတ်ကို အတော်လေး ကျေနပ်နေသည့် ပုံပေါ်နေသဖြင့် သူမက ထပ်ပြီး ခါးခါးသီးသီးစကားများ ပြောမထွက်တော့ပေ ။
သူမနဲ့ စတွေ့ကတည်းက သူတို့နှစ်ယောက်သည် အသက်ဆုံးရှုံးလုနီးပါး ကိစ္စများကို ကျော်ဖြတ်ပြီးမှ သာ အေးဆေးနေခဲ့ရခြင်း ။ ရှန်းချွန်းမင် သူ အမြဲတမ်း အေးစက်နေတတ်ကာ သူမရှေ့တွင် အမြဲမားမားမတ်မတ်ရပ်ကာ အခက်အခဲ များကို တည်ငြိမ်စွာ ဖြေရှင်းပေးတတ်ပြီး သူမအပေါ် နူးညံ့စွာ ဆက်ဆံတတ်သည်။ ပြောရရင် သူက သူ့ပုံရိပ်ကို သူမရှေ့တွင် အမြဲထိန်းထားတတ်ပြီး အားနည်းချက် တစ်ခုကိုပင် မမြင်စေချင်ခဲ့ပေ ။
