Arc.4.3

4.4K 535 21
                                        

ကျန်းမိသားစုဝင်များသည် ထွက်ခွာသွားသော လီရှောင်းယန် အား ကြည့်ရင်း နမိတ်မကောင်းသည့် ခံစားချက်များ ကြီးစိုးလာသည်။ ဒီနေ့ကစပြီး သူတို့ရဲ့ ကံဆိုးသည့် နေရက်များ ရောက်လာတော့မည် ဖြစ်ကြောင်း သိလိုက်သည်။ ဝမ်မင်ယွဲ့ သည် ထိုင်ခုံပေါ်သို့ အရုပ်ကြိုးပျက် ထိုင်ချလိုက်မိသည် ။ သူမ ဘေးပတ်ဝန်းကျင်က လေထုသည် ထူးဆန်းလာသည်ဟု ခံစားမိသဖြင့် လှည့်ကြည့်လိုက်သည့်အခါ သူမအား သံသယမျက်လုံးများဖြင့်ကြည့်နေကြသည်ကို တွေ့လိုက်ရသဖြင့် မျက်နှာမှာ သွေးရောင်ပင် မရှိတော့ဘဲ ဖြူဖျော့သွားသည်။

" ကျွန်မ .. ကျွန်မ " ဝမ်မင်ယွဲ့သည် ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားမှ မထွက်ခဲ့ပေ။ သူမက ကျန်းချန်းအား အားကိုးတကြီးဖြင့် ကြည့်လိုက်သော်လည်း သူမအား စိတ်ပျက်နေသည့် အကြည့်ကိုသာ ရလိုက်သည်။

" သမီး မိန်အာ " ကျန်းရှစ်မိန် သည်လည်း သူမအား မျက်နှာလွဲသွားသည်။ ဝမ်မင်ယွဲ့ သည် စိတ်ကို ဒုံးဒုံးချလိုက်တော့သည်။ " အဲ့ဒီနှစ်တုန်းက သူ့ကို လီရှောင်းယောင်လို့ ထင်ခဲ့မိတာ ..  တောင်းပန်ပါတယ် .. ဒါပေမဲ့ ဒီနှစ်တွေ အတွင်း ကျန်းမိသားစုရဲ့ ချွေးမ ပီသအောင်နေခဲ့တာကို ထောက်ပြီး .."

" တော်ပြီ!!! ... မင်းက ငါတို့ကျန်းမိသားစု အတွက် အရှက်ရစရာဘဲ .. ဒါပေမဲ့ .. ဒီကိစ္စကို အပြင်ကို ပေါက်ကြားစေလို့မဖြစ်ဘူး ...ကျန်းချန်း  နောက်နေ့ကစပြီး ..မင်းတို့ နန်ကျင်း မှာဘဲ နေရမယ်... S မြို့ထဲကို ခြေတစ်လှမ်းလှမ်းရဲရင် ကျန်းမိသားစုထဲကနေ ထုတ်ပစ်မယ် " ကျန်းဖန်းကျင်း က ဒေါသတကြီး ပြောကာ ထွက်သွားတော့သည်။

နန်ကျင်းမြို့သည် အစွန်အဖျားတွင် တည်ရှိသည့် မြို့ဖြစ်ပြီး အလွန်ခေါင်သည်။ ထိုနေရာသို့ သူတို့အား ပို့လိုက်ခြင်းသည် နယ်နှင်ဒဏ်ပေးလိုက်သကဲ့သို့ပင်။ သူတို့က လုံလောက်တဲ့အကျိုးဆောင်မှု မရှိဘဲ ပြန်လာလို့ရတော့မည်မဟုတ်ပေ။ ကျန်းမိသားစုသည် လီမိသားစုအား အပြစ်လုပ်မိပြီး စီးပွားရေးလောကထဲ ခြေမချနိုင်ရင်တောင် ဆင်သေတစ်ကောင်တောင်  မြင်းထက်တော့ကြီးသေးသည်။ သူတို့က ကျန်းမိသားစုအား အခြားနယ်ပယ်တွင် တိုးတက်အောင် လုပ်နိုင်သေးသည်။

Rebirth ( ပြန်လည်ရှင်သန်ခြင်း )Donde viven las historias. Descúbrelo ahora