Arc.4.10

3.7K 481 56
                                        

ယွမ်ရှောင်ရှောင်း သည် သူမ ရဲ့ အိမ်အား စိတ်ဓာတ်ကျစွာပြန်လာခဲ့သည်။ သူမက အမှောင်အဖွဲ့ကို ရှာတွေ့ခဲ့ပေမဲ့ သူမလက်အောက်သို့ ရောက်လာရန် မဆွဲဆောင်နိုင်ခဲ့ပေ။ သူတို့က သူမအား ဂရုပင်မစိုက်ခဲ့ပေ။ ယွမ်ရှောင်ရှောင်းက သူမ ကိုယ်သူမ အရမ်းအားနည်းသည်ဟု ခံစားရလာသည်။ သို့သော် သူမတွင် အားကောင်းလာရန် အခွင့်အရေးရှိသည်။ တကယ်လို့ သူမသာ အားကောင်းလာလျင် ထိုလူများအား သင်ခန်းစာပေးရမည်ဟု တေးမှတ်ထားလိုက်သည်။

" အမလေး!!!"

သူမက လမ်းလျှောက်နေရင်း ရုတ်တရက် အဆွဲခံလိုက်ရသည်။ ရုတ်တရက် လန့်သွားသော်လည်း ချက်ချင်းတုန့်ပြန်လိုက်ပြီး တစ်ဖက်လူ၏ ဗိုက်အား တ‌ထောင်နဲ့ တိုက်လိုက်ကာ လှည့်ပြီး ကန်ရန်ပြင်လိုက်သည်။ ထိုအချိန် သွေးနံ့နဲ့ အတူသူမအ‌ပေါ်သို့လဲကျလာသော ခန္ဓာကိုယ် တစ်ခု ။

တချိန်ထဲတွင် အခန်းထဲမှ ချင်းပေက ရုတ်တရက် ထထိုင်လိုက်သည်။ သူမက အားကောင်းသည့် ဗီလိန်အရှိန်အဝါကို ခံစားမိလိုက်၍ပင်။ သူမက ဆူပူနေသည့် လီရှောင်းယန် အား ကျော်ကာ နောက်တွင် ခေါင်းငုံကာ ရပ်နေကြသည့် အမှောင်အဖွဲ့အား ကြည့်လိုက်သည်။ သူမ မျက်လုံးထဲတွင် ရှားပါးလှသည့် ထိတ်လန့်မှုပေါ်လာသည်။ သူမက ရှောင်ကျိုကို လှည့်ကြည့်လိုက်ချိန်တွင် သူကလည်း သူမကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

" အမှောင်အဖွဲ့က ယွမ်ရှောင်ရှောင်းနဲ့ တွေ့ပြီးသွားပြီ .. " ချင်းပေနားမလည်သည်က အမှောင်အဖွဲ့ဝင်တိုင်းတွင် ဗီလိန်အရှိန်အဝါများ ပေါ်လာခြင်းပင် ။ " မဟုတ်မှ ... " သူမက ရှောင်ကျိုအား တဖန်ပြန်ကြည့်လိုက်သည်။ နှစ်ယောက်သား ပြိုင်တူရေရွတ်လိုက်မိသည်။

" သူတို့က ... ငြင်းလိုက်တာလား "

ချင်းပေနဲ့ ရှောင်ကျိုသည် စိတ်ဖြင့်အချင်းချင်း ‌နေကြသော်လည်း လီရှောင်းယန်နဲ့ လီရှောင်းယောင်က တစ်ခုခုမှားနေသည်ဟု ခံစားမိလိုက်ကြသည်။ သူတို့က ချင်းပေအား ပြိုင်တူကြည့်လိုက်ကြသည်။

ချင်းပေ၏ မျက်နှာပေါ်တွင် နေရခက်သည့် အပြုံးတစ်ခုပေါ်လာသည်။ သူမက အမှောင်အဖွဲ့အတွက် အပြစ်ရှိသလို ခံစားရသဖြင့် လီရှောင်းယန်အား " အဖေ...နောက်ကို သူတို့ကို ချင်းအာ နောက်လိုက်ပြီး စောင့်ရှောက်ခိုင်းရင်ရော .. ဒါဆိုအဆင်ပြေတယ်မလား "

Rebirth ( ပြန်လည်ရှင်သန်ခြင်း )Donde viven las historias. Descúbrelo ahora