Arc.4.12

3.4K 461 19
                                        

" မိန်းကလေး !! သူဌေးက မိန်းကလေး ရဲ့ကျောက်စိမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာရှိလို့ တွေ့ချင်နေပါတယ် " ဝန်ထမ်းကောင်မလေးက ချင်းပေအား အားကျသည့်အကြည့်ဖြင့် ကြည့်ရင်း ပြောလာသည်။

" ငါ့မှာ အချိန်မရှိဘူး .. ကျောက်စိမ်းကိုဘဲ ယူလာပေးပါ .. ပြီးတော့ ငါရောင်းဖို့ စိတ်ကူးမရှိဘူး " ချင်းပေက ယွမ်ရှောင်ရှောင်းထံမှ အကြည့်လွဲလိုက်ကာ ပြောလိုက်သည်။

" မိန်းကလေးရဲ့ အမူအရာကို ကြည့်ရတာ ကျောက်စိမ်းပါမယ်ဆိုတာ သိထားတယ် ထင်တယ် " တံခါးဖွင့်သံနဲ့ အတူေ‌နွးထွေးပြီး ကြည်လင်သည့် အသံက ထွက်လာသည်။ တံခါးနောက်မှ ငယ်ရွယ်ပြီးရင့်ကျက်ဟန်ရသည့် ယောကျာ်းလေးတစ်ယောက် ထွက်လာသည်။

ချင်းပေက မျက်လုံးလှန်ကြည့်လိုက်ရင်း ပျင်းရိစွာ ပြောလာသည်။ " ကျောက်စိမ်းပါမယ်ဆိုတာလဲသိတယ်.. အဆင့်မြင့်ရေခဲကျောက်စိမ်းဆိုတာပါ သိသေးတယ်.. ရပြီလား .. မြန်မြန်ပေးတော့ .. " သူမက လက်ကို ရှေ့ထုတ်လိုက်သည်။

" ကျွန်တော်က မိန်းကလေးကို ပေါက်ဈေးထက် နှစ်ဆပိုပေနိုင်ပါတယ် .." ပြောသံနဲ့အတူ သူမရှေ့ကို ရောက်လာသည့် ကျောက်စိမ်းထည့်ထားသည့် ဘူးတစ်ခု ။

ချင်းပေက စကားကို ဖြတ်လိုက်သည်။ " ဆယ်ဆပေးရင်တောင် မရောင်းဘူး " သူမက ဘူးအား ယူလိုက်ပြီး ချက်ချင်းထွက်သွားတော့သည်။ ရှဲ့ယောင်က ချင်းပေနောက်မှ လိုက်ပါသွားသည်။

" သခင်လေး !!! သူမနောက်ကို လိုက်ရမလား " သက်လတ်ပိုင်း လူကြီးတစ်ယောက်က ထိုလူငယ်နောက်မှ ထွက်လာကာ ချင်းပေ ထွက်သွားသည့် ဘက်သို့ကြည့်ရင်း ပြောလာသည်။

ထိုလူငယ်က ခပ်ဟဟ ရယ်လိုက်ကာ ခေါင်းရမ်းလိုက်သည်။ " ဦးလေးဟန် သူမနောက်မှာ ရပ်နေတဲ့ သူက ဘယ်သူလဲသိလို့လား "

သက်လတ်ပိုင်း လူကြီးရဲ့ နားမလည်သည့် အကြည့်အား တုန့်ပြန်လိုက်သည်။ " သူက ရှဲ့မိသားစု ရဲ့ သခင်လေးဘဲ ."

" ခုနက မိန်းက‌လေးကရော .. " သူပြောသည်မှာ သေချာပေါက်ယွမ်ရှောင်ရှောင်းပင် ။

" အဲ့တစ်‌ယောက်က စိတ်ဝင်စားဖို့ကောင်းတယ် ... " ထိုသို့ပြောကာ သူကလည်း ဆိုင်မှ ထွက်သွားသည်။ သက်လတ်ပိုင်းလူကြီးက ပြန်လှည့်သွားသည်။ ခနအကြာ လူနှစ်ယောက်သည် ယွမ်ရှောင်ရှောင်း ထွက်သွားသည့် ဘက်သို့ အလျင်အမြန်သွားကာ လူအုပ်ကြားထဲပျောက်ကွယ်သွားတော့သည်။

Rebirth ( ပြန်လည်ရှင်သန်ခြင်း )Место, где живут истории. Откройте их для себя