Arc.4.7

3.9K 507 18
                                        

ချင်းပေက ရှောင်ကျိုပေးသည့် အချက်အလက်များကို ကြည့်ရင်း သူမအမူအရာက တစ်မျိုးဖြစ်သွားသည်။ ထိုအချက်အလက်များသည် တခြားမဟုတ်ပေ။ သူမအရင်ဘဝတွင် လီရှောင်းယန် ဖြစ်ပျက်ခဲ့သည်များပင်။ သို့သော် ထိုအချက်အလက်မျသည် သူမသေဆုံးပြီးမှသာ ဖြစ်ပျက်ခဲ့ခြင်းပင်။

" ထွက်သွားစမ်း!!!! ဘယ်ကလာတဲ့ကလေကချေ ‌လဲ ..   " ချင်းပေ များများမတွေးနိုင်ခင်ပင် သူမရှေ့တွင် ရန်ပွဲတစ်ခုကို တွေ့လိုက်ရသည်။ ပြောရရင် တဖက်သတ် ပြောခံနေရသည့် မိန်းကလေး တစ်ဦးပင်။ ထိုမိန်းကလေးက ပြန်ခံပြောခြင်းမရှိဘဲ .. သူမအား ပြောဆိုနေသည့် အမျိုးသမီးအား ကြည့်ကာ အံကြိတ်ထားရသဖြင့် သူမရဲ့ နူတ်ခမ်းများက တဆတ်ဆတ်တုန်နေသည်။

ထိုမိန်းကလေး၏ အဝတ်အစားများသည် စုတ်ပြဲနေပြီး ပေပွနေသည်။ သူမရဲ့ ဆံပင်များကလည်း ဖွလန်ကျဲနေကာ အတော်လေးကြည့်ရဆိုးပေသည်။ သူမလက်ထဲတွင် ပိုက်ဆံတချို့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ ချင်းပေက ဆေးဆိုင်အားကြည့်ရင်း ထိုမိန်းကလေးသည် ဆေးဝယ်လာခြင်းဖြစ်ပြီး ဆေးဆိုင်ပိုင်ရှင်က သူမပုံစံကြောင့် ရောင်းချခြင်း မပြုခြင်းဖြစ်မည်ဟု ကောက်ချက်ချလိုက်သည်။

ချင်းပေက ခေါင်းယမ်းလိုက်ပြီး ကျော်သွားရန် ပြင်လိုက်သည်။ ခုနက အချက်အလက်များအရ လီရှောင်းယန် သည် အန္တာရယ်ရှိနေသည်။ ထိုအန္တာရယ်က အခုဖြစ်မှာမဟုတ်သော်လည်း ဖြစ်သည့်အခါ အကြီးအကျယ် ဖြစ်လိမ့်မည်။ လီမိသားစု တစ်ခုလုံးပင် ပြုတ်ပြုတ်ပြုန်းသွားနိုင်သည်။

' ဟူးး ကိုယ်ပိုင်ကံကြမ္မာနဲ့ ထိန်းချုပ်ခံထားရခြင်း မရှိတဲ့ ဒီကမ္ဘာ‌မှာတောင် လွမ်းမိုးနိုင်စွမ်းရှိတဲ့ ကံကြမ္မာပိုင်ဆိုင်ထားတဲ့ လူပေါ်လာရင် အကုန်လုံးက အမြောက်စာ ဇာတ်ကောင်လေးတွေ ဖြစ်သွားကြတာဘဲ ' လီရှောင်းယန် တောင် ထိုကံကြမ္မာကနေ မလွှတ်မြောက် နိုင်ခဲ့ဘူး ။

အချက်အလက်များတွင် လီရှောင်းယန်သည် မဟုတ်ဘူး လီမိသားစု သည် နောင် ၇ နှစ်တွင် အပြီးတိုင် ပျောက်ကွယ်သွားမည် ဖြစ်သည်။ အကြောင်းမှာ တစ်စုံတစ်ယောက်၏ လက်စားချေမှု ထဲတွင် ပါဝင်သွားခြင်း ကြောင့်ပင်။ လီမိသားစု သည် အင်အားကြီးသည့် အလျောက် သူ့ကြောင့် ပျက်စီးသွားသည့် မိသားစု အငယ်များကလည်း ရေတွက်၍ မရပေ ။ ထိုမိသားစုများထဲမှ မိန်းကလေး တစ်ယောက်သည် အခြားတစ်ယောက်၏ ကိုယ်ထဲတွင် ပြန်မွေးဖွားလာကာ သူမရဲ့ လက်စားချေမှုလမ်း‌ကြောင်းကို စတင်ခဲ့သည်။

Rebirth ( ပြန်လည်ရှင်သန်ခြင်း )Où les histoires vivent. Découvrez maintenant