Arc.4.14

3.3K 437 8
                                        

ချင်းပေက သူမကိုယ်ကို သန့်ရှင်းလိုက်ကာ အမှောင်အဖွဲ့ဘက်သို့ ထွက်လာခဲ့သည်။ သူမရောက်ချိန်တွင် ထိုသူများက လေ့ကျင့်နေကြသည့်အချိန်ဖြစ်သည်။ အမှောင်အဖွဲ့အား သူမ ရှောင်းနန်ရှီးအဖြစ်ရှိစဉ်က အတွင်းအား ကျင့်စဉ်အား သင်ပေးထားခဲ့သဖြင့် အရင်ကထက်စာလျှင် ပိုသန်မာလာသည်။ သို့သော် သူတို့ပိုင်ဆိုင်သည့် နက်မှောင်နေသည့် အရှိန်အဝါက သူတို့အား အနှောင်အယှက်ပေးသည်။ ဥပမာ- အဆင့်တစ်ခုတက်တိုင်း ခက်ခဲမှုမျိုးစုံကို ကြုံရသည်။

" ခေါင်းဆောင် !!!" ချင်းပေကို တွေ့သည်နှင့် သူတို့က လေ့ကျင့်နေသည်အား ရပ်တန့်ကာ နူတ်ဆက်လိုက်သည်။

" နောက်နှစ်ရက်နေရင် .. ငါက city H ကို သွားမှာ .. အဲ့အတွက် ဆွေးနွေးစရာရှိလို့.." ချင်းပေက စကားစလိုက်ကာ အမှောင်အဖွဲ့အား တာဝန်ချမှတ်လိုက်သည်။ ရှီးယိ ( ဆယ့်တစ် ) သည် ရှောင်ကျိုနောက်သို့ လိုက်သွားသဖြင့် ယခု အမှောင်အဖွဲ့က ဆယ့်တစ်ယောက်ရှိသည်။

ရှောက်ယိ သည် S မြို့ တွင်နေခဲ့ပြီး သူမရဲ့ ညွှန်ကြားချက်များကို လက်ခံကာ ဆောင်ရွက်လိမ့်မည်။ သူ့လက်အောက်တွင် ရှောင်အာ့ ၊ ရှောင်စန်း ၊ ရှောင်းဝူ ၊ အားလျို နဲ့ လင်းချီး .. ငါးယောက် က ကျန်ရစ်နေခဲ့မည် ။

အားစစ်က သူမနောက်ကို လိုက်လာမှာဖြစ်ပြီး ကျန် လေးယောက် သည် လီမိသားစု အခြေအနေအား စောင့်ကြည့်ရန် F မြို့သို့ သွားရမည် ။

ချင်းပေက လမ်းလျှောက်ထွက်ရင်း စဉ်းစားနေသည်။ လက်တလော အခြေအနေအရ S မြို့ရဲ့ အခြေအနေအချို့သည့် ယွမ်ရှောင်ရှောင်း လက်အောက်သို့ ရောက်နေပြီဖြစ်သည်။ ယွမ်ရှောင်ရှောင်း သည် ဒုက္ခရောက်နေသည့် လူအားလုံးကို ကြုံတိုင်း ကယ်တင်ခဲ့သည်။ သူမ ကယ်တင်လိုက်သည့် လူတိုင်းသည် S မြို့၏ အထက်ကြီးပိုင်းများ ဖြစ်နေတတ်သည်။ လုံခြုံရေးအဖွဲ့ရဲ့ ခေါင်းဆောင် ၊ ရှေးဟောင်းအဖွဲ့အစည်းရဲ့ အဖွဲ့မှူး ၊ မိသားစုကြီးတစ်ခုခုရဲ့ အဘိုးကြီးများ ဒါမှမဟုတ် သခင်လေးများ ဖြစ်သည်။ သခင်မလေး များသည်တော့ ယွမ်ရှောင်ရှောင်းအား တွေ့သည်နဲ့ အထင်သေးနိမ့်ချမှုများ သာ ပြုလုပ်တတ်ကြပြီး ပြီးလျင်တော့ သူတို့ထက် ပိုအာဏာကြီးသည့်တစ်ယောက်ပေါ်လာကာ ထိုသခင်မလေး များသည် မြေပြိုသည့်အရသာကို ခံစားရတော့သည်။

Rebirth ( ပြန်လည်ရှင်သန်ခြင်း )Nơi câu chuyện tồn tại. Hãy khám phá bây giờ