Arc.4.23

2.8K 415 34
                                    

ချင်းပေသည် ရှင်းရိ နည်းပညာ company သို့ထွက်လာခဲ့သည်။ ကုမဏ္ဍီရှေ့တွင် ရှေ့တွင် ရပ်လိုက်ကာ ရှင်းရိ ဟု ရေးထားသည့် စာလုံးအား အတန်ကြာစိုက်ကြည့်ရင်း စဉ်းစားနေသည်။ '  ငါ ဘာလို့ နာမည်တူကို မဲ့ထားမိတာပါလိမ့် ..'

" CEO ချင်း ?? ကုမဏ္ဍီ ကို လာစစ်တာလား " ချင်းပေ တွေးနေစဉ် အနောက်မှ ကားရပ်သံ နဲ့အတူ ယောကျာ်းတစ်ယောက်၏ အသံကိုကြားလိုက်ရသည်။ အမျိုးသားသည် အနောက်တိုင်းဝတ်စုံပြည့်နဲ့ အလွန်ကြည့်ကောင်းကာ ဖော်ရွေသည့် ပုံစံရှိသည်။  ထိုသူ၏ အနောက်တွင် ရုံးဝတ်စုံပြည့်ဝတ်ထားသည့် လှပသည့် မိန်းကလေး တစ်ယောက် က ဖိုင်တွဲတစ်ချို့အား ကိုင်လျက် လိုက်ပါလာသည်။

" အင်း ကြေညာ video ကို တွေ့လိုက်တယ် ...ဂိမ်းက မနက်ဖြန် ထွက်မှာမလား .. " ချင်းပေက ရုံးထဲလျှောက်ဝင်ရင်း ချိန်ရန့် ပေးသည့် စာရွက်များကို ကြည့်ကာ မေးလိုက်သည်။

" Promotion က တော်တော်လေးအောင်မြင်တယ်.. ဂိမ်းဦးထုပ်တွေ က ဈေးကြီးတော့ တော်တော်များများ မဝယ်နိုင်ကြသေးဘူး .. ပြဿနာက VR ဂိမ်းတွေက နာမည် မကြီးသေးဘဲ .. ဒီလိုမျိုး ဖွဲ့စည်းမှုကြီးမားတဲ့ ပရိုဂရမ် နဲ့ VR ဂိမ်းတွေ က မရှိသေးတော့ ... " ချိန်ရန့်က ပြောရင်း သက်ပြင်းချလိုက်သည်။ သူက သူတို့ရဲ့ ဂိမ်းကို ယုံကြည်မှု အပြည့်ရှိထားသော်လည်း ဒါက စွန့်စားသည်နဲ့ တူနေသည်။ 

ချင်းပေက ခေါင်းညိတ်လိုက်ရင်း စာရွက်ကို ပြန်ပေးလိုက်သည်။ " ကျောင်းသားတွေကို အခမဲ့ အစမ်း ၇ ရက် သတ်မှတ်လိုက်ပါ ... "

" ဒါက .. ကောင်းပါပြီ " ချိန်ရန့်က ချင်းပေအားတစ်ခုခုပြောချင်သော်လည်း ပါးစပ်သာ ပိတ်ထားလိုက်တော့သည်။  ချင်းပေ၏ ဆုံးဖြတ်ချက်များကို မေးခွန်းထုတ်ခြင်းမရှိပေ ။ သူတို့နှစ်ယောက်သည် အတန်ကြာ အလုပ်ကိစ္စများကို ဆွေးနွေးနေသည်။ ချိန်ရန့် သည် ချင်းပေ၏ နည်းပညာ နဲ့ပတ်သက်သည့် company အများစု ကို ထိန်းချုပ်ထားသည်။ company များသည် တည်ထောင်ထားခြင်းမှာ မကြာသေးသော်လည်း သူ့ဟာနဲ့သူ လွှမ်းမိုးမှု ပြင်းထန်လာသည်။

ပုံမှန် တိုးတက်လာသည့် company များသည် တိုက်ခိုက်ခံရမှု များသော်လည်း ချင်းပေက ထိုသို့မဖြစ်အောင် company များ၏ ဆက်သွယ်မှုကို ထိန်းချုပ်ထားသည်။ အထက်ကြီးပိုင်းအချို့မှ လွဲ၍ အချင်းချင်းဆက်နွယ်မှုကို မသိကြချေ။ ထိုအပြင် အများစုမှာ ချင်းပေ ကိုသာ သိကြပြီး company အချင်းချင်းဆက်နွယ်မှုကို မသိကြချေ။ တစ်ခါတစ်ရံ ရယ်စရာကောင်းသည်က အချို့ သည် တိုက်ခိုက်နေကြခြင်းပင် ။

Rebirth ( ပြန်လည်ရှင်သန်ခြင်း )Donde viven las historias. Descúbrelo ahora