Episode 12

2K 115 0
                                    

Unicode

နောက်တစ်နေ့ မနက်ပိုင်းရောက်တော့ ဈာန်ထက်မြတ် အိပ်ယာက ထလာပြီး မျက်နှာသစ် မှန်ကြည့်မိတော့ ယောင်တာကသိပ်မကျသေး သေချာကြည့်ကာမှ နှုတ်ခမ်းပါပေါက်နေတာ တွေ့ရတော့တယ်

မိဘတွေမတွေ့အောင် ခေါင်းလေးငုတ်ပြီး
"အမေ သား နံနက်စာ မစားတော့ဘူး အလုပ်မှာ အရေးကြီးလို့ သွားပြီအနေ ညနေမှတွေ့မယ်"ဆိုပြီး အားချင်း ခပ်မြန်မြန် ထွက်သွားလိုက်တော့

"ဟဲ့ ဒီကောင်လေးနဲ့  နံနက်စာအတွက် မစားလဲ ပေါင်မုန့်လေး ထည့်ပြီး ဗိုက်ဖြည့်ဖို့ပြောမလို့ကို အလော တကြီးထွက်သွားတယ်"

အိမ်ကနေ ခပ်မြန်မြန်ထွက်သွားပြီး ကားဂိတ်မှာ ကားသာရပ်စောင့်နေလိုက်တယ်...

သက်မှတ်ထားတဲ့ကားလာတော့ တက်စီးပြီး ခုံနေရာရတော့ ထိုင်ကာ မှန်လေးဘက်အခြမ်း နေရာယူပြီး ခေါင်းသာ အပြင်ဘက်လှည့်ထားလိုက်တယ် ဆေးသောက်ရမယ် အစာကလဲမရှိ ကားပေါ်ကဆင်းကာမှ တစ်ခုခု ဝယ်စားလိုက်မယ် ပြီးမှသာ ဆေးသောက်လိုက်တော့မယ် ဆိုပြီးတွေးထားလိုက်တယ်

‌သက်မှတ်နေရာရောက်တော့ ကား‌ပေါ် ကဆင်းပြီး ဗိုက်ဖြည့်ဖို့အတွက် mini Mart လေးတစ်ခုဝင်ပြီး ကော်ဖီနဲ့ ပေါင်မုန့်လေးဝယ်ပြီး ဗိုက်ဖြည့်ပြီး ဆေးသောက် ရုံးကို ဆက်သွားတော့တယ်....

ရုံးရောက်တော့ လူတွေက ဝိုင်းကြည့်ကြတာပေါ့ လူသဘာဝ စပ်စုကြတယ်... ဒီတိုင်းပါးယောင်ပြီး နေမကောင်းလို့ဘဲ ပြောလိုက်တယ်

"ဈာန်ထက်မြတ် ပါးက ယောင်နေတာလား ဒါနဲ့ မနေ့က အကိုမင်းကို ကန်ဘောင်မှာတွေ့မိသလားလို့ ရုံးကသူတွေနဲ့ ကန်ဘောင်လမ်းလျှောက်ရင်း" မန်နေဂျာအကိုကပြောတော့ သူလန့်သွားမိတယ် သူတို့များမြင်သွားသလားလို့ပေါ့..

"ဟုတ်ကဲ့အကို မနေ့က ကျောင်းကစာဖြေပြန်လာတော့ အကိုတွေအမတွေနဲ့ မုန့်ခဏသွားစားကြတာအကို " ဟုပြောပြီး မိမိနေရာမှာသာ ထိုင်နေလိုက်တော့တယ်.....

နောက်ကွယ်ကနေ တိုးတိုး တိုးတိုး နဲ့ ပြောနေတာတော့ လစ်လျှူရှုရင်း မိမိအလုပ်သာ ဆက်လုပ်နေလိုက်တယ်....

အမုန်းအနန္ဒ (Completed)Wo Geschichten leben. Entdecke jetzt