Unicode
ဒေါ်မီမီ သီတင်းစာလေးကို ဖက်ရင်း ကြော်ငြာတစ်ခုကိုတွေ့မိတယ်.....
"ကိုစိုင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် Main က ဘွဲ့လွန်Diploma အတန်းခေါ်နေတယ်တဲ့ ကျွန်မတို့သွားတက်ကြရအောင် သားလေးကလဲ ဘာမှစိတ်ပူပင်စရာမရှိဘူး သူ့ကျောင်းစာနဲ့သူ guideနဲ့ အာ့တော့ ကျွန်မတို့နှစ်ယောက် အဲ့သင်တန်းကို သွားတက်ကြရအောင် ကိုယ်တွေကလဲ ကုမ္ပဏီအလုပ်တွေလုပ်နေတယ် ပြီးတော့ Uni life ကို ပြန်တမ်းတနေမိတယ် သွားတက်ကြရအောင်နော်ကိုစိုင်း"ကိုစိုင်းတစ်ချက်မျှစဉ်းစားရင်း
"အိုကေ ကိုယ်တို့သွားတက်ကြမယ် ဟိုကောင်အတွဲသုံးတွဲပါ အဖော်ညှိရမယ် အာ ကြာတယ်ကွာ တက်ကိုတက်ခိုင်းကြမယ် ဟုတ်ပြီလား"
"အင်းကောင်းတယ်ကိုယ်စိုင်း သင်တန်းကလဲ အသက်ရွယ်ကန့်သက်ချက်ကမရှိဘူး မည်သူမဆိုဆိုတော့ ကျွန်မတို့အသက်ကလဲ အခုမှ ၃၃ ၃၄ တွေဆိုတော့ ငယ်ရွယ်တုံး အတက်စုံလင်အောင်သင်ကြားရမှပေါ့ ဟိုအတွဲတွေကို တွေ့ဖို့ ချိန်းလိုက်တော့မယ်...."
ဒီနေ့ကတနင်္ဂနွေဆိုတော့ ဒေါ်မီမီက သူငယ်ချင်းတွေကိုဖုန်းတွေဆက်တော့တာပေါ့ နောက်တော့ စုရပ်အနေနဲ့ အိမ်မှာသာ လုစုဖို့ ချိန်းဆိုလိုက်ကြတယ်
ဦးထွန်းအောင်စိုင်း ဒေါ်မီမီဆိုတာ Diamond Group of Company က ဥက္ကဌနဲ့ ကတော် သားတစ်ယောက်ရှိတယ် အသက်က ၁၃ နှစ်ဖြစ်တယ် သူတို့သူငယ်ချင်းများကလဲ လုပ်ငန်းရှင် company ပိုင်ရှင်များဖြစ်ကြတယ်...သူတို့သူငယ်ချင်းသုံးတွဲလုံးမှာလဲ ၁၃နှစ်အရွယ် သားတစ်ယောက်စီရှိနေကြတယ် ကလေးတွေအချင်းချင်းကလဲ သူငယ်ချင်းများ ညီကိုများအဖြစ် ဆော့ဆော့စားစား အတူတူနေ တူတူ ကျောင်းတက်ရတာပေါ့ ထိုအရာကလဲ အသက် ၁၂နှစ်ထိသာ တူတူနေဖြစ်ကြရတယ် အကြောင်းက ကိုစိုင်း နဲ့ မမီတို့သားက ခုနှစ်တန်းကနေ ကိုးတန်းကို ကျောင်းအုပ်နဲ့တိုင်ပင်ပြီးတန်းကျော်ဖြေလို့ ကိုးတန်းတက်ရတော့ စာတူတူ လုပ် ကစား မရကြတော့ဘူးပေါ့....
"ကဲကဲ သူငယ်ချင်းတို့လာကြ ထိုင် ဟေ့မီးငယ် သမီး အန်တီ့သူငယ်ချင်းတွေကို အအေးလေးဖျော်လာခဲ့ပေးပါဦး သမီးရေ"ဆိုပြီး ဒေါ်မီမီက အိမ်အလုပ်သမလေးကို ပြောလိုက်တယ်.... ဦစိုင်းတို့ ဒေါ်မီမီတို့ က လူသားတိုင်းကို တန်းတူ ဆက်ဆံ ကြင်နာတက်ကြတဲ့သူများဖြစ်ကြပါတယ်.....
VOCÊ ESTÁ LENDO
အမုန်းအနန္ဒ (Completed)
Ficção GeralUnicode သာမာန်မိသားစုတစ်ခုမှပေါက်ဖွားလာပြီး မိမိကြိုးစားမှု့ကြောင့် အမြင့်တစ်နေရာ သမာအာဇီဝကျကျ တက်လှမ်းနေဆဲ ဖြစ်ကာကုမ္ပဏီတစ်ခုမှာ ရာထူးတစ်နေရာရရှိနေတဲ့သူ ကျောင်းပြီးသည့်တိုင် ပြင်ပမှာ သင်တန်းများ diploma များသင်ယူရင်း တစ်ဖက်မှာလဲ အပိုဝင်ငွေကို စာသင...