Unicode
ထိုအခါ နီလာဆိုသူက မျက်နာပျက်သွားခဲ့တယ် ပြန်ပြီးတော့
"အေးပါဟယ် နင်ကလဲ အိမ်ထောင်သည်ဖြစ်မှန်း မကြွားပါနဲ့ ငါတောင် အိမ်ထောင်မပြုရသေးတော့ အားငယ်လာပြီ" ဆိုကာ မချိပြုံးနဲ့ပြောပြတယ်
"ဪ စိတ်မရှိပါနဲ့ ကျွန်တော့ ယောက္ခမ ဘယ်မှာလဲ ဗျသားမက်လာတာ ယောက္ခမနဲ့မတွေ့ရလို့ ပြောစရာတွေဖြစ်နေပါဦးမယ် ချစ် အဖေ့ကို ခေါ်လိုက်ဦး Honeymoon ပြန် လက်ဆောင်လေးတွေပေးဖို့ အိမ်ကိုခေါ်လာခဲ့လိုက်ပါလား ချစ်" ဆိုကာ ပြုံးပြီး ဆွတ်စိုင်းပြောလိုက်တော့
"အင်း ခဏလေးစောင့်ဦးနော်အဖေ့ကို သွားခေါ်လိုက်ဦးမယ် နီလာ အဖေဘယ်မှာလဲ "
"အေးဈာန်ထက်မြတ် အိမ်ဘေးမှာ အမိုးထိုးနေတာ ကူနေတယ်"
"ဟုတ်လား ငါသွားခေါ်လိုက်ဦးမယ် မောင်ခဏစောင့်နော်"
"အင်း ချစ် ဖြည်းဖြည်းသွား"
"အင်း" ဆိုကာ ဈာန်ထက်မြတ်ထွက်သွားတော့
"ဪ မောင်လေးက ငယ်ဦးမယ့်ပုံဘဲ ဈာန်ထက်မြတ်တို့များ ကိုယ့်ထက်ငယ်တဲ့သူကို မျက်စိများ မှားသလားဟယ် ကျောင်းတုန်းက အသက်ကြီးရင်ကြီး မကြီးရင် ရွယ်တူဘဲ ကြိုက်မှာတဲ့လေ မမ မှမမ ဆိုဘဲ အခုများတော့ မမ မဟုတ်ဘဲ ငယ်တဲ့သူပြီးတော့ ယောင်္ကျားလေးကိုမှတဲ့"နီလာဆိုသူ ဆွတ်စိုင်းကို ရိသလိုလိုပြောတော့ ဆွတ်စိုင်းလဲပြုံးပြီး
"ဟုတ်ကဲ့ ဒီကအမ ကျွန်တော်က အတိတ်ကို စိတ်မဝင်စားဘူး အမရဲ့ ချစ်က အရင်က မမ ဖြစ်ခဲ့ရင်ဖြစ်ခဲ့လိမ့်မယ် အခုတော့ မောင်ဖြစ်နေပြီလေ ကျွန်တော်ကတော့ ပစ္စုပ္ပန်ကိုဘဲ စိတ်ဝင်စားတယ် အခု ချစ်က ကျွန်တော့ရဲ့ ခင်ပွန်း ကာမပိုင်ဖြစ်နေပြီလေ တစ်ခုနောက်ပြီးတော့ ချစ်က ကျွန်တော့ကို အကုန်ပြောထားတယ်ဗျ ကျွန်တော်သိလိုက်တာက အရင်က ချစ်က အရမ်းစွံကြောင်း သူကလိုက်စရာမလိုဘူး မိန်းမတွေက ရေမလာခင်ကတည်းက ဆည်ကျိုးကျနေတာမို့ ဆူးမှန်းသိရဲ့နဲ့ အပေါက်ခံချင်တဲ့ဖက်နဲ့တူတဲ့ မိန်းကလေးတွေ ရေလာမြောင်းပေးတာခံခဲ့ရမှန်း သိခဲ့တာပေါ့ ဒါနဲ့ အမကော သူငယ်ချင်းအရင်းကြီးဆိုတော့ သိမှာပေါ့နော် သူကတော့နာမည်မပြောပါဘူး သူ့သူငယ်ချင်းထဲက မိန်းကလေးတစ်ယောက်က သူ့ကို လာမြောင်းဖောက်တာကို ပြောပြတယ်တဲ့လေ သူကငြင်းလိုက်တယ်တဲ့ အမသိလား ဘယ်သူလဲတော့မသိဘူး သနားမိတယ်အမရယ် သူ့အတွက်တော့ အခုတော့ ကျွန်တော့ ခင်ပွန်းဖြစ်နေပြီမို့ သူ့အတွက်တော့ Bye Bye ပေါ့ အဟမ်း" ဆိုကာ ပြုံးရင်းနဲ့ ပြောတော့ နီလာဆိုသူက မျက်စိမျက်နာတွေပျက်ပြီး
VOUS LISEZ
အမုန်းအနန္ဒ (Completed)
Fiction généraleUnicode သာမာန်မိသားစုတစ်ခုမှပေါက်ဖွားလာပြီး မိမိကြိုးစားမှု့ကြောင့် အမြင့်တစ်နေရာ သမာအာဇီဝကျကျ တက်လှမ်းနေဆဲ ဖြစ်ကာကုမ္ပဏီတစ်ခုမှာ ရာထူးတစ်နေရာရရှိနေတဲ့သူ ကျောင်းပြီးသည့်တိုင် ပြင်ပမှာ သင်တန်းများ diploma များသင်ယူရင်း တစ်ဖက်မှာလဲ အပိုဝင်ငွေကို စာသင...