Unicode
မနက်ခင်းရောက်ဆော့ ဆွတ်စိုင်းက
"ချစ် မောင့်ပိုက်ဆံကို ဘာလို့ ထုတ်မသုံးရတာလဲ "
"ဪ အဲ့တာ မောင့်ပိုက်ဆံလေ ချစ်ပိုက်ဆံမှမဟုတ်တာ ထုတ်သုံးကောင်းပါ့မလား မောင်မသိဘဲနဲ့ ချစ်မှာလဲ ထုတ်ထားတဲ့ ငွေသားပိုက်ဆံရှိတယ်လေ သုံးလို့ရအောင် လိုမှမလိုတာ အခြားအတွက် စားဖို့ သွားလာတာက မကုန်ဘူးလေး အဲ့အတွက် ထုတ်စရာမှမလိုတာ လိုတဲ့ ပစ္စည်းလေးတွေဝယ်ဖို့က ဘဏ်ကနေ သွားထုတ်ရုံဘဲ ဘဏ်ထဲမှာက စုထားတာ အများကြီးမရှိတော့ချွေတာရတာပေါ့ အမေတို့ကို ထောက်ပံ့ဖို့ကရှိသေးတယ်မှတ်လား "
ထိုစကားပြောတာကို ဦးထွန်းအောင်စိုင်းလို့ လင်မယားပါကြားနေရတယ် ဆွတ်စိုင်းဘာပြောမလဲ စောင့်ကြည့်နေလိုက်တယ်
"ချစ်ရာ ချစ်နဲ့မောင်က လင်မယားတွေလေ မောင်ရှာတာ ချစ်သုံးလို့ရပါတယ် ပြောစရာမလိုပါဘူး ချစ်ကကော မလိုအပ်ဘဲ သုံးမလား လိုအပ်လို့သုံးတာဘဲကို "
"ဟို အဲ့တာမောင့်ပိုက်ဆံလေ ခွင့်ပြုချက်ရှိမှ သုံးရတာ အဆင်ပြေတာပေါ့ ဒါကတော့သုံးဖို့ ဒါကတော့ ဘာလုပ်ဖို့ဆိုတာမျိုးပေါ့ ပေးထားရင် ဆင်ပြေပါတယ် ဘဏ်ကဒ်တွေဘာတွေ မပေးထားလဲရတယ် အများကြီးလဲ မသုံးနိုင်ပါဘူး စားတာကလဲ အမေတို့အိမ်မှာဘဲစားရတာ ခရီးစရိတ်လဲ မကုန်ဘူး တစ်လကို အများကြီး မပေးနဲ့ ၁၀၀၀၀၀ လောက်ပဲပေးထားပါ ပိုရင်ပြန်ပြောပေးမယ်လေ"
"ဟာ ချစ်ကွာ ဆိုလိုတာ နားမလည်ဘူး " မိဘတွေမပါလို့ကမရတော့ အခန်းထဲဝင်လာပြီး
"သားမက်လေး အမေပြောမယ်"
"ဟုတ်"
"သားဆွတ်နဲ့ သားမက်လေးက လက်မယားတွေလေ လင်ပိုက်ဆံ မယားပိုင်တယ် အယ်မှားလို့ ဆွတ်စိုင်းပိုက်ဆံ သားမက်လေးပိုင်သလို သားမက်လေးပိုက်ဆံဆွတ်စိုင်းပိုင်တယ်လေ သားမက်လေးသုံးလည်း သားက ဘာမှမဆိုဘူး မပြောဘူး သားဆွတ်သုံးလဲ သားမက်လေးပြောမှာမဟုတ်ဘူးမှတ်လား"
"ဟုတ်"
"အဲ့တာပြောတာသားမက်လေးရ နောက်သုံးစရာရှိသုံး သားကို သားမက်လေးပြောစရာမလိုတာ သားလိုလို့သုံးတာပဲဟာ သုံးနော်"
BẠN ĐANG ĐỌC
အမုန်းအနန္ဒ (Completed)
Tiểu Thuyết ChungUnicode သာမာန်မိသားစုတစ်ခုမှပေါက်ဖွားလာပြီး မိမိကြိုးစားမှု့ကြောင့် အမြင့်တစ်နေရာ သမာအာဇီဝကျကျ တက်လှမ်းနေဆဲ ဖြစ်ကာကုမ္ပဏီတစ်ခုမှာ ရာထူးတစ်နေရာရရှိနေတဲ့သူ ကျောင်းပြီးသည့်တိုင် ပြင်ပမှာ သင်တန်းများ diploma များသင်ယူရင်း တစ်ဖက်မှာလဲ အပိုဝင်ငွေကို စာသင...