Unicode
နောက်တစ်နေ့ ဆေးရုံကဆင်း အမေတို့အိမ်သာ ပို့လိုက်တယ် တစ်ပါတ်လောက်ထပ်နားဖို့ ခိုင်းထားတယ် ဆွတ်စိုင်းကတော့ ရုံးတက်နေရပြီ ပြန်ရင် မိဘအိမ်မှာ အိပ်လိုက် ရုံးတက်လိုက်နဲ့ စားဖိုဆောင်က သူတွေ ကိုလဲ ဆွတ်စိုင်း ကျိန်းထားတာမှ ရစရာကိုမရှိဘူး
ဒေါ်မီမီ ပြော ထားပြီးပြီပြောတာကိုတောင် မရဘူး ထပ်ကျိန်းတာ အလုပ်သမားတွေဆို နေစရာကို မရှိကြတော့ဘူး
ညနေပိုင်း ဆွတ်စိုင်းနဲ့ ဦးထွန်းအောင်စိုင်း စားရအောင် ကိုရီးယာထမင်းသုပ်လုပ်ဖို့ ဒေါ်မီမီကိုပြောတော့ အပျင်းပြေ လုပ်ကြရအောင်ဆိုတော့ Market Place သွားပြီး လိုတာတွေ တူတူသွားဝယ်ကြတယ် ဒရိုက်ဘာခေါ်ပြီး ဝယ်ချမ်းပြီးတော့ ပြန်မယ်အလုပ် ကားပါကင်က ဒရိုက်ဘာကို ဖုန်းဆက်လှမ်းခေါ်ပြီး portico အောက်မှာ စောင့်နေတုံး ကားကသူတို့ရှေ့ရပ်အလာ ဈာန်ထက်မြတ် အရင်တက်ပြီး ဖုန်းကို driver ကျောနောက်ဖက် ခုံရဲ့ အိတ်ထဲထည့်လိုက်တယ် ဖုန်းက ထိမိပြီး silence ခလုပ်နှိပ်မိသားဖြစ်သွားတယ် ပစ္စည်းတွေကို အနောက်ထဲ ထည့်ပြီး နေရာချကာ အမေတက်ဖို့ပြင်ပြီးတက်ခိုင်းတော့ ကားသမားက lock ချလိုက်တယ် တံခါးက ဖွင့်မရတော့ အမေလဲ တက်လို့မရတော့ ဒရိုက်ဘာကို ဖွင့်ဖို့ပြောတော့ လှည့်ကြည့်တော့ မောင်းလာတဲ့ ဒရိုက်ဘာ မဟုတ်တော့ အခြားသူဖြစ်နေတယ် စိုးရိမ်သွားပြီး တံခါးကို အတင်းဖွင့်တာလုံးဝမရ ကားကိုထုနေတော့ အမေက လဲ ကားတံခါးကို အတင်း ဆွဲတယ် မရ ဈာန်ထက်မြတ် လုံးလုံးမရ ဒရိုက်ဘာ က နောက်ခန်းကို လှည့်ပြီး ဈာန်ထက်မြတ်ကို ပဝါနဲ့ အုပ်လိုက်တယ် ဈာန်ထက်မြတ် မေ့သွားပြီး ပုံကျသွားတယ် ဈာန်ထက်မြတ် တံခါးဖွင့်ဖို့ မဲနေတုံး အနောက်ကနေ လုပ်လိုကတာမို့ မသိလိုက်ရ အပြင်က အမေကတော့ မြင်နေရာ သတိပေးနေပေမယ့် သူ့အပူနဲ့သူဆိုတော့ မကြား ဒေါ်မီမီ ကားတံခါး ကို အတင်းဆွဲထားတော့ ဒရိုက်ဘာက ကားကို အတင်းမောင်းထွက်သွားတာမို့ လက်လွှတ်လိုက်ရပြီး ဒူးကောင်း ခြေသလုံး လက်တွေ ပွန်းသွားပြီးသွေးတွေ ထွက်သွားတော့တယ် လူတွေလဲ ရုန်းရုန်း ရုန်းရုန်းဖြစ်သွားပြီး လုံခြုံရေးတွေ လဲ တားပေမယ့် အတင်းမောင်းထွက်သွားလို့ တားလို့မရ ဒေါ်မီမီဆီလာပြီး ထူကာ ဆေးရုံပို့ရတော့တယ်
![](https://img.wattpad.com/cover/274167776-288-k419778.jpg)
VOUS LISEZ
အမုန်းအနန္ဒ (Completed)
Fiction généraleUnicode သာမာန်မိသားစုတစ်ခုမှပေါက်ဖွားလာပြီး မိမိကြိုးစားမှု့ကြောင့် အမြင့်တစ်နေရာ သမာအာဇီဝကျကျ တက်လှမ်းနေဆဲ ဖြစ်ကာကုမ္ပဏီတစ်ခုမှာ ရာထူးတစ်နေရာရရှိနေတဲ့သူ ကျောင်းပြီးသည့်တိုင် ပြင်ပမှာ သင်တန်းများ diploma များသင်ယူရင်း တစ်ဖက်မှာလဲ အပိုဝင်ငွေကို စာသင...