Episode 63

2.2K 76 0
                                    

Unicode

"ဟဲ့ ငါတို့မန်နေဂျာက သူဌေးသားကိုအပိုင်ချိုင်လိုက်တာနော် ရုပ်လေးဗန်းပြပြီးတော့ အဲ့တာဘဲ လူတွေက ချမ်းသာဖို့ကို အလွယ်လမ်းကလိုက်တာ အစကတော့ လေးစားလိုက်ရတာ အခုများတော့ ဖိနပ်နဲ့ ပါးချချင်လိုက်တာ အလုပ်တူတူလုပ်ရတာတောင် မသတီဘူး "

"အေးပေါ့ဟယ် သူမရှိတော့ သူ့အလုပ်တွေ ငါ့တို့ဘဲ လုပ်နေရတာလေ သူက ဘယ်သွားသေနေမှန်းမသိဘူး ငါတို့မှာ ငါတို့အလုပ်ကော သူ့အလုပ်ပါ လုပ်ရတာ အမော အခုမှ သူကကြွလာတော့တယ် "

"အေးဟ သူက ဆင်းရဲတယ်ဆို ဥက္ကဌကလဲ သူ့ကို ဘာပက်စားပေးသလဲ မမေးနဲ့ ဥက္ကဌနဲ့ ပါ ညိနေလားမသိဘူး ပြီးတော့တစ်အိမ်ထဲ သားဖနှစ်ယောက် ပေါင်းစားနေသလားမသိဘူး ဗိုက်မကြီးတော့လေ သူကလဲ အပေးကောင်းလို့နေမှာပေါ့ two in one အိမ်ပေါ်ခေါ်တင်ထားတဲ့ မိန်းမကြီးက လဲ လွတ်ထားတာဘဲနော် ဗိုက်မကြီးရင်ပြီးရောဆိုပြီးဘာလုပ်လုပ် "

"နောက်တစ်ခုက ငါတို့ CEO အပြင် ကောင်လေး သုံးယောက်ကျန်သေးတယ်တဲ့ မင်္ဂလာပွဲနေ့တုံးက ကြည့်ပါလား ကောင်လေးတွေက သူ့ကို မျှော်လင့်တစ်ကြီး ကြည့်လို့လေ အဲ့ကောင်လေးတွေကလဲ hight boss သားသမီးတွေဟဲ့ ဈာန်ထက်မြတ်ဆိုတဲ့ လူက hight bossတွေဘဲ ချိုင်တာနဲ့တူတယ်နော်"

"ငါလဲစိတ်ဝင်စားသွားပြီ ဒါဆို သူတစ်ယောက်တည်းနဲ့ အောင်မလေး ငါးယောက်တောင် မှပေါ့ ဒါ့ကြောင့် ရုံးမတက်တာလားမသိဘူး မထနိုင်တော့လို့လေ ဟဟား ဟား "

ဈာန်ထက်မြတ် သူ့သိက္ခာ သူ့ ကိုယ်ကျင့်တရားကို စော်ကားလာတော့ စိတ်ကို ထိန်းမရ ဒါ့ကြောင့် ‌အမိုးပေါ်‌ပြေးသွားပြီး အတင်းကို အော် ဟစ်လိုက်တယ် သူ့ရဲ့ စိတ်ထွက်ပေါက်က ဒါဘဲရှိတာကိုး

ဆွတ်စိုင်း နေ့ခင်းမှာ မအိပ်ငိုက်အောင် ကော်ဖီဖျော်စက်မှာ ကော်ဖီ ယူရင်း ဈာန်ထက်မြတ် အခန်းဘက် အလျှောက် အခန်းရှေ့မှာ မက်တပ်ရပ်တံခါး လက်ကိုင်ဘုကို ကိုင်နေတဲ့ ဈာန်ထက်မြတ်ကိုတွေ့တော့ သွားမယ်အလုပ် ဈာန်ထက်မြတ်မျက်နာကြည့်တော့ မျက်နာမကောင်းတာမို့ မသွားဘဲ ရပ်စောင့်နေလိုက်တယ် ခဏကြာတော့ ခေါင်မိုးထက်ကို ပြေးသွားတော့ သူနောက်ကနေ လိုက်သွားလိုက်တယ် အမိုးပေါ်ရောက်တော့ ငိုပြီး အော်နေတဲ့ သူ့ချစ်ရသူ နင့်နင့်သီးသီးကို အော်ငိုနေတာ ပြောတာတွေက

အမုန်းအနန္ဒ (Completed)Donde viven las historias. Descúbrelo ahora