Episode 39

1.5K 77 0
                                    

Unicode

At Yangon international Airport

Welcome from Myanmar Sut Sai ဆိုင်းဘုတ်လေးကိုင်ပြီး ဈာန်ထက်မြတ်တစ်ယောက် စောင့်နေလိုက်တယ် လေယာဉ်က ဆင်းလာပြီမို့ ခဏကြာလျှင်ရောက်လာတော့မည် ဥရောပမှာ လေးနှစ်နေလာခဲ့တဲ့ သူ တစ်နှစ်တစ်ခါ ပြန်လာတာမို့ ရုပ်ကိုမှတ်မိပေမယ့် နောက်ဆုံးနှစ်လေးနှစ်မြောက်မှာ ဘယ်လောက်ထိပြောင်းလဲသွားပြီလဲ သူသိချင်သည်

လူကြားထဲ ထောင်ထောင်မောင်းမောင်း အရပ်နဲ့ သီးသန့်ကွဲထွက်နေတဲ့ တူဖြစ်သူ ဆွတ်စိုင်း အိတ်တွေကို အိတ်အလာစာင့်နေရင်း မျက်မှန်အနက်ကို ခေါင်းပေါ်တင်ရင်း စတိုင်ကျနေပုံ အင်္ကျီနက် ဘောင်းဘီ အနက်နဲ့ All Black နဲ့  အရပ်ကြီးက အရမ်းရှည်လွန်းတာ အသက်၁၈ နှစ်မှာတောင် ၆ပေ ၂တဲ့ ငယ်သေးတော့ ထပ်ရှည်ဦးမှာမလွဲ အနည်းဆုံး ခြောက်ပေ ၃ ထိရှည်လာမည့်အရပ် မိမိမှာတော့ ၅ပေ ၁၀ စွန်းစွန်းကကို မတက် တူဖြစ်သူက မိုးထိုး ဦးလေးက ကျန်ခဲ့ အခြေအနေကတော့ဟုတ်ပြီ..

အိတ်ယူပြီး ဆွဲကာ ထွက်လာတဲ့ ဆွတ်စိုင်း သူ့ကိုမြင်တော့ မြန်မြန်‌လျောက်လာပြီး အတင်းဆွဲဖက်ထားတာ လက်ထဲက ဆိုင်းဘုတ်တောင်လွတ်ကျတဲ့အထိ

"ဦး ဦးကိုသတိရနေတာ "

"ဦးကောဘဲ"

"ဦးကိုအရင်ဆုံးတွေ့ချင်လို့ ကြိုခိုင်းထားတာ သိတယ်မှတ်လား "

"အင်း သားဆွတ် ဦးကို လွတ်ဦး အသက်ရှုကြပ်လာလို့ "

"အင်း" ဆိုပြီးလွှတ်ပေးလိုက်တယ်

"လာသားဆွတ် ပေးအိတ် ဦးသယ်ပေးမယ် "

"မသယ်နဲ့ ပင်ပန်းမယ် ကျွန်တော်နိုင်တယ်"

"အင်း ကားပါကင်မှာကားက လာသားဆွတ် သွားရအောင်"

"Ok let go U"

"Omm "

ကားပါကင်ကကားကို ယူပြီး အထုတ်တွေတင်လိုက်တယ် တင်ပြီးတော့ ဈာန်ထက်မြတ်ကိုယ်တိုင် ကားမောင်းလိုက်တယ်

"သားဆွတ် သားအိပ်လိုက်ခဲ့ရင် လိုက်ခဲ့လေ"

"ဟင့်အင်း မအိပ်ဘူး ဦးကိုကြည့်နေမယ်"

အမုန်းအနန္ဒ (Completed)Opowieści tętniące życiem. Odkryj je teraz