Episode 66

2.1K 62 5
                                    

Unicode

"အင်း ကောင်းတယ် " ဦးထွန်းအောင်စိုင်းပြောပြီး

အတွင်းရေးမှူးနှစ်ယောက်ကို ခေါ်ပြီး အစီစဉ်တွေ ပြောလိုက်တယ် အားလုံးတာဝန်ကိုယ်စီခွဲယူကြရာကနေ ဘယ်လောက်မှ မကြာလိုက် တစ်ပတ်အတွင်း အကုန်ပြီးသွားတော့ သက်သေတွေရလာတော့တယ်

ဦးထွန်းအောင်စိုင်းစီ အပ်လိုက်ပြီး ဥက္ကဌက အကုန် ဆက်လုပ်တော့တယ် ငွေအလွဲသုံးစားလုပ်ထားတဲ့ ငွေပေါင်း သိန်း ၁၅၀၀၀ အဖမ်းခံရတဲ့ သူတွေ အပေါင်းအပါတွေက အယောက် ၃၀ ဆယ်ကျော် အထိန်သိမ်းခံလိုက်ရတယ် Audit တစ်ဖွဲ့လုံး အဖြုတ်ခံရပြီး အသစ် ပြန်ဖွဲ့တယ် Finance တစ်ဌာနလုံး ဖြုတ်ပြီး အသစ်ပြန်ဖွဲ့တယ် Sales Team တွေ အပြစ်ရှိတဲ့သူတွေကို ဖြုတ်တယ် အသစ်အစားထိုးတယ် အဖြုတ်ခံရတာကြောင်  မကျေနပ်တဲ့သူတွေက မကျေနက်ကြဘူး တည်းထားကြတယ် ဈာန်ထက်မြတ်ကို သူဝင်လာပြီးမှ ထိုအရာတွေဖြစ်လို့ သူ့ကို မဲကြတယ် သူ့ကြောင့်ဆိုပြီး စွတ်စွဲကြတယ် ကုမ္ပဏီလဲ နောက်ပိုင်း တည်ညိမ်ပြီး income တွေတက်လာတယ် အလွဲသုံးစား လုပ်ခံရတဲ့ငွေတွေလဲ အရစ်ကျနဲ့ ပြန်ရတယ် လုပ်တဲ့သူတွေဆီကနေ အလုပ်လဲ ပုံမှန်လည်ပတ်နေတာမို့ အေးချမ်းသွားရတော့တယ်

မင်္ဂလာ သက်တမ်း တစ်နှစ်ပြည့်ရောက်လာတော့ ဆိုင်တစ်ခုမှာ အ‌ပေါင်းအသင်းတွေကို ဖိတ်ပြီး dinner party လုပ်တယ် မိတ်ဆွေတွေလောက်ဘဲ ဖိတ်တယ် ကျွေးတယ်မွေးတယ်

တစ်ခုသောညဘက်မှာ မိသားစုတွေ စကားစုပြောကြတယ် စကားပြောရင်းကနေ ကလေးယူတဲ့ကိစ္စ ရောက်သွားတော့တယ်

"သားဆွတ် သားမက်လေး အစာအိမ်ဖြစ်လို့ဆေးရုံးတက်တုံးကလေ မှတ်မိလား"

"ဟုတ်မေမေ "

"အဲ့တုံးက ဆရာဝန်က မေမေတို့ကို အကြံတစ်ခုပေးတယ် သိလား"

"ဟုတ်မေမေ "

"အဲ့တုံးက သားမက်လေး ကိစ္စဆွေးနွေးရင်း ဆရာဝန်က အနောက်နိုင်ငံ ဆရာဝန်တွေ စမ်းသက်ချက်အရ အမျိုသား ကိုယ်ဝန်ဆောင်လို့ရတယ်ဆိုတဲ့ information ပေးတယ် အဲ့တုံးက မေမေလဲ ပူထူနေတော့ မေမေ့ပျောက်ပျောက် နေခဲ့တာ အခုစကားဆက်ရင်းနဲ့ သတိရလာလို့ "

အမုန်းအနန္ဒ (Completed)Donde viven las historias. Descúbrelo ahora