Episode 41 ⚠️18+

4K 92 0
                                    

Unicode

ကလေးလေးယောက် ကလေးဟု မဆိုသာအသက်ပြည့်ပြီး လူငယ်လေး လေးယောက်ရဲ့ ဆော့ကစားနေကြတာကို လူကြီးတွေကြည့်ပြီး

"ဪ သားတွေတောင် အရွယ်ရောက်လာကြပြီကိုး "
ဦးထွန်းအောင်စိုင်း ပြောလိုက်တော့

"အင်းဟုတ်ပါ့ ကိုစိုင်းရယ် ကလေးလေးတွေက မနေ့တစ်နေ့ကလိုဘဲနော် လူကောင်ကြီးတွေ ထွားလာလိုက်တာ " ဒေါ်မီမီပြောတယ်

"သားတွေက လူကောင်ကြီးတွေ ထွားလာပေမယ့် ကလေးစိတ်ကတော့ မပျောက်ကြသေးဘူး ကြည့်ပါလား အခုတောင် ရိုက်ပုတ်ပြီး ကစားနေကြတာ" ဦးမောင်မောင် ပြောတော့

"ဟုတ်တယ်"ဒေါ်ပပပြောပြီး

"ဟုတ်တယ်"ဒေါ်မီမီ ထပ်ပြောတယ်

"တစ်ယောက်နဲ့တစ်ယောက်လဲ အနိုင်လိုချင်ကြတယ် ပြိုင်ကြတယ် ဒါတွေဟာ ကောင်းသောပြိုင်ချင်းဘဲ ဖြစ်စေချင်တယ် "ဦးလင်းမြတ် ပြောလာတော့

"သားတွေလဲ ကြီးလာတော့ သိလာကြမှာပါ နိုင်ငံခြားမှာ ပညာသင်နေတာ စာတစ်ခုတည်း အတွက်မှမဟုတ်တာ ဘဝအကြောင်းတွေစာအပြင် သင်ယူဖို့ သူတို့ကို လွှတ်လိုက်ကြတာဘဲ သားတို့ သင်ယူကြမှာပါ" ဦးသော်ခ ဝင်ပြောတယ်

ကိုနိုင်ထူးက "သားတွေက ကြီးလာကြပေမယ့် ကလေးစိတ်မကုန်သေးတာ ဒါကောင်းတဲ့ အမူအကျင့်ဘဲ ကိုယ်တွေလဲ ကလေးလို ဆက်ဆံလို့ရတာပေါ့"

ကိုဥက္ကာကလဲ ထောက်ခံပြီး" ဟုတ်တယ်ကိုနိုင်ထူး ပြောသလိုဘဲ ကလေးတွေကို ကလေးလို ကိုယ့်တူလို ဆက်ဆံချင်သေးတယ် သားတွေက ငယ်ငယ်နဲ့မတူ ပြောင်းလဲလာကြတယ် အထူးသဖြင့် ဆွတ်စိုင်း အရပ်ကြီးက သူတို့အထဲမှာ အရှည်ဆုံး ရုပ်ကလဲ ချောပြီးခန့်လာတာ အသက်၁၈ လို့ပြောရင် ယုံကြမှာလား ဒါပေမယ့် ကိုယ်တွေအတွက်ကတော့ ကလေးဘဲ "

"ဟုတ်တယ်" အားလုံးပြောကြတော့

"ကျွန်တော်တို့ညီ ဈာန်ထက်မြတ်ကော စောနကတွေ့တယ် အခုဘယ်ရောက်သွားလဲ" ဦးသော်ခ မေးတော့

"အေးဟ ငါ့အထင် သွားကူနေတယ်နဲ့တူတယ် အလုပ်သမားတွေကို "ဒေါ်မီမီပြောလိုက်တယ်

အမုန်းအနန္ဒ (Completed)Où les histoires vivent. Découvrez maintenant