Episode 43

2.4K 86 0
                                    

Unicode

"မင်းတို့လေးယောက်လုံး ထွက်သွားကြ ငါမမြင်ချင်ဘူး " ပြောတော့ အမေတွေက မျက်နှာရိပ်နဲ့ ပြောတော့ ထွက်သွားကြတယ် ဆွတ်စိုင်းကတော့ ပေတေတေကပ်တက်တက် မနည်း သွားခိုင်းရတယ်

မိဘတွေ အားလုံးက ဝိုင်းတောင်းပန်တာပေါ့ အထူးသဖြင့် ဦးထွန်းအောင်စိုင်းနဲ့ ဒေါ်မီမီက ပိုတောင်းပန်တာပေါ့

"ငါ့ညီ မင်းတရားစွဲချင်လား စွဲချင်လဲရတယ်နော်  အကိုမတားဘူး မင်းဘက်ကနေ နေပေးမယ် ဘယ်လိုလဲ" ဦးထွန်းအောင်စိုင်း ‌ပြောတော့

"ထားလိုက်ပါတော့ အကိုရာ မစွဲပါဘူး အရာရာက အသစ်က ပြန်ဖြစ်လာမှာမှ မဟုတ်ဘဲ လွှတ်ထားလိုက်ပါတော့ ကျွန်တော်လဲ သေသွားတာမှ မဟုတ်တာ မဖြစ်ခဲ့ဘူးလို့ ဘဲ သက်မှတ်လိုက်ပါတော့ ဆွတ်စိုင်းကိုလဲ တာဝန်မယူခိုင်းပါဘူး သူ့တက်လမ်း သူ့ဘဝ ကို ကျွန်တော့်ကြောင့် မပိတ်စေချင်ဘူး အကို ကျွန်တော့ ထိုက်နဲ့ ကျွန်တော့ကံရှိပါစေတော့ သူနဲ့ လဲ သူစိမ်းတွေလိုဘဲ နေပါတော့မယ် နောက်ပိုင်း အရာရာကို ကျွန်တော်ဆင်ချင်ရတော့မယ် ဒီလိုအမှားမျိုး နောက်မမှားရအောင် ကျွန်တော့ဘက်ကထိန်းပါ့မယ် ‌ကလေးတွေကို မဆူပါနဲ့ တော့ ကျွန်တော်အနေအထိုင်မတက် ခဲ့လို့ ဖြစ်တာမို့ ကျွန်တော့အပြစ်ပါ မမုန်းပါဘူး ခွင့်လွတ်ပေးမှာပါ အားလုံးကို "

"ကျေးဇူးပါကွာ ငါညီရာ "

"ကျေးဇူးငါ့မောင် "

ဦးထွန်းအောင်စိုင်း အိမ်ရောက်တော့ ဆွတ်စိုင်းကို မေးမြန်းကြတော့တယ်

"သားဆွတ်စိုင်း သားကွာ မိုက်လိုက်တာ ‌မိဘတွေမျက်နာ အိုးမဲသုပ်လိုက်တာပေါ့ကွာ "

"မဟုတ်ဘူး ဖေဖေ ဦးကိုချစ်လို့ ချသ်လို့ ပိုင်ဆိုင်ချင်လို့ ရယူတာ အမှားလို့ ဆိုချင်လဲ ဆို ကျွန်တော်ကတော့ အမှားလို့မထင်ဘူး ဦးဟာ ကျွန်တော်ပိုင်ဆိုင်ရမယ့်သူ ရအောင်ယူမှာ " ပြောပြီးတော့ သူ့အခန်းထဲ ထွက်သွားတော့တယ်

ဒေါ်မီမီ ဈာန်ထက်မြတ် နေသွားတဲ့ အခန်းကို သန့်ရှင်းဖို့သွားတော့ ကုတင်မှာ သွေးကွက်တွေ အဖြူရောင် စောင်တစ်ခုလုံး နီရဲလျက် ကြည့်ပြီး ငိုတော့တာပေါ့ ဦးထွန်းအောင်စိုင်းလဲ လိုက်ဝင်လာတော့ ငိုနေတဲ့ မိန်းမဖြစ်သူကို တွေ့တော့ ချော့ရပြန်ကော သူလဲ သွေးတွေမြင်တော့ စိတ်မကောင်း

အမုန်းအနန္ဒ (Completed)Where stories live. Discover now