👋👋👋Epilogue 👋👋👋

4.9K 102 11
                                    

Unicode

"ဦး ကလေး ရက်၁၀၀ ပြည့်မှ နာမည်ပေးမှာဆို "

"အင်း သားမြတ်သော်ဇင်"

"တော်သေးတာက ကျွန်တော့တို့ ရှိနေလို့ ကျောင်းက လေးလ ပိတ်တော့ အခု သားသားတွေက ၅ လပိုင်းမွေးတာမို့ September ပြန်ရမှာလေ ကျောင်းဆီကို "

"သားတို့ နောက်ဆုံးနှစ်နော် ဒီနှစ်က "

"ဟုတ်ဦး"

" ကြိုးစားကြဦး သားသုတ ကော သားလင်းမာန်ကော သားကော "

"ကြိုးစားပါတယ်"

"ဟေ့ယောင်တွေ အုန်းရေသောက်ဦးမလား ခြံရှေ့လာရောင်းနေလို့ " ဆွတ်စိုင်းပြောတော့

"သောက်မယ်သောက်မယ် အုန်းသီးဇွန်းချစ် လေးပါရအောင်ယူလာခဲ့"

"အေး မင်းတို့ပါလိုက်ခဲ့ အန်တီတို့ ဖို့ပါ ဝယ်မှာ အများကြီး လာသယ်ဖို့ လိုက်ခဲ့ချည် သုံးယောက်လုံး အလုံး ၂၀ တောင်မှဟ "

"အေး ဒါဆိုလဲ လာပြီဟေ့ လိုက်မယ် လိုက်မယ် ဦး နေဦးနော် မြန်မြန်ပြန်လာခဲ့မယ် ဦးအတွက် ကောင်းပေ့ဆိုတဲ့ အုန်းသီး အသားလေးရွေးခဲ့မယ်" မြတ်သော်ဇင် ပြောပြီး သုံးယောက်သား ဆွတ်စိုင်းနဲ့ အုန်းသီး သွားဝယ်တော့တယ်

"အုန်းသီး "ဆွတ်စိုင်းခေါ်လိုက်တော့

"အင်းညီ‌လေးတို့ ဘယ်နှလုံးလဲ "အုန်းသီးသည် မေးတယ်

"တစ်လုံးဘယ်လောက်လဲ "

"တစ်လုံး၁၀၀၀ ပါ အရေကော အသားပါ ထုတ်ပေးတယ် အုန်းသီးအသားကို အလုံးလိုက်လေးဖြစ်အောင် ဖော်ပေးတယ် "

"ဟုတ်လား ကောင်းပြီး ဒါဆို အလုံးနှစ်ဆယ် လုပ်ပေး လျော့ဦး တစ်လုံး ရှစ်ရာထား "

"အများကြီး ဘဲ ယူယူ ရတယ် ၈၀၀ နဲ့ အကို မြန်မြန်ခွဲပေးမယ် ဟုတ်ပြီလား "

"အင်း အသား ဖော်ဖို့က ၁၀ လုံးဘဲ လုပ် ကျန်တာ ဇွန်း နဲ့ ချစ်ချပေး အရေနဲ့ရောပြီး"

"အင်း ဖြစ်ရစေမယ် ညီလေး စိတ်ချ" ပြောကာ အုန်းသီးသည် အားတက်သရော ခွဲနေတော့တယ်

"ဟေ့ယောင် လင်းမာန် ဟိုရှေ့ကမီနီမတ်မှာ ထန်းလျက်သွားဝယ်ကွာ လူကြီးတွေစားရအောင်"

အမုန်းအနန္ဒ (Completed)Où les histoires vivent. Découvrez maintenant