Unicode
မိဘတွေမှာတာ အသီးသီးလုပ်ပြီးတော့ မုန့်ဝယ်ကြတယ် မုန့်ဝယ်ကြတော့ အဆွတ်က ဝက်သားတုတ်ထိုးစားမယ်ဆိုပြီး ဝင်စားတော့ "သား ဆွတ်စိုင်း ဒါတွေစားလိုက်လို့ရှိရင် ထမင်းမစားနိုင်ဘဲနေမှာပေါ့သားရဲ့ ဒီလိုလုပ်သား ပါဆယ်ဆွဲသွားလိုက်မယ်လေ ဟိုမှာလဲ လူကြီးတွေ သားတို့ကို ထမင်းစားဖို့ စောင့်နေကြရောပေါ့ ဟိုရောက်မှစားလိုက်ပေါ့ ထမင်းလေးနဲ့ လေ နော်သားဆွတ်စိုင်း"
"ကျွန်တော်က ဆိုင်မှာထိုင်စားချင်တာ" လို့ပြောတော့
"ဟေ့ကောင်ငဆွတ် ဖေဖေတို့ မေမေတို့တွေစောင့်နေကြတယ်လေဟ မင်းကလဲ ထိုင်စားရင်ကြာနေမှပေါ့ ဦးပြောသလိုလုပ်လိုက်" သုတကဝင်ပြောတယ်....
"အေးလေမင်းကလဲဆိုပြီး " မြတ်သော်ဇင်နဲ့ လင်းမာန်က ဝင်ထောက်ခံတော့
"အေးပါကွာ ပြီးတာဘဲ ထိုင်စားချင်တာတောင် အဖျက်တွေက တစ်မောက် စိတ်ညစ်တယ် ပါဆယ်ဆွဲဝယ်မယ် ဟုတ်ပြီလား" ဆိုပြီး ခက်ညစ်ညစ်ဖြေလိုက်တယ်...
"ဦးလေး ကလီစာအစုံ ၂၀၀၀ ဖို့း အဆီအသားအခေါက် က၂၀၀၀ ဖိုး အူပိတ်နဲ့ ကြက်ဥကို ၂၀၀၀ ဖိုး ဟေ့ကောင်တွေ မင်းတို့ကကော ဘာစားမှာလဲ ပြော" ဟုမေးလိုက်တော့
"ငါကအသဲ ကြာကြာဝါး " သုတပြောတယ်
"ငါကတော့ အူစုံဘဲ " မြတ်သော်ဇင်ပြောတယ်
"ငါကနားရွက် အရိုးနုနဲ့ လျှာ " ဟု လင်းမာန်ပြောပြီး
ဦးလေးကြီးကို မှာလိုက်တယ်
ဦးလေးကြီးက "ဟိုသား ၃ ယောက် ဘယ်လောက်ဖိုးဆီထည့်ပေးရမလဲ" မေးတော့
"ဟုတ် ၃၀၀၀ ဖိုးစီလောက်ဘဲ ထည့်ပေးပါဗျ" လို့ လင်းမာန်ကဘဲ ပြောလိုက်တယ်...
သုတက ဆွတ်စိုင်းနား ကပ်ပြီး "ဟေ့ကောင် မင်းဦးအတွက်ကြတော့ကော မမှာပေးဘူးလား အားနာစရာကြီး" လို့ပြောတော့ တစ်ချက်လှည့်ကြည့်လိုက်ပြီး
"သူစားချင်ရင် သူ့ဘာသာသူဝယ်စားလိမ့်မာပေါ့" လို့ ခပ်တည်တည်နဲ့ ပြန်ပြောတယ် ထိုစကားကို ဈာန်ထက်မြတ်မကြား အင်းယားဆိုင်တွေကဖွင့်နေတဲ့ သီချင်းတွေနဲ့ ရောနေတော့ မကြားမိခဲ့....
![](https://img.wattpad.com/cover/274167776-288-k419778.jpg)
ESTÁS LEYENDO
အမုန်းအနန္ဒ (Completed)
Ficción GeneralUnicode သာမာန်မိသားစုတစ်ခုမှပေါက်ဖွားလာပြီး မိမိကြိုးစားမှု့ကြောင့် အမြင့်တစ်နေရာ သမာအာဇီဝကျကျ တက်လှမ်းနေဆဲ ဖြစ်ကာကုမ္ပဏီတစ်ခုမှာ ရာထူးတစ်နေရာရရှိနေတဲ့သူ ကျောင်းပြီးသည့်တိုင် ပြင်ပမှာ သင်တန်းများ diploma များသင်ယူရင်း တစ်ဖက်မှာလဲ အပိုဝင်ငွေကို စာသင...