Episode 30

1.5K 74 3
                                    

Unicode

အိမ်ကိုပြန်ရောက်လာတော့ အဖေကော အမေကော ဧည့်ခန်းမှာ ထိုင်နေတာကိုတွေ့တယ်

"အမေ ဘာဖြစ်နေကြတာလဲဟင်" မေးတော့

"ဘာမှမဖြစ်ပါဘူး သားရယ်" ဆိုပြီး အမေပြောတယ်

မျက်နှာမကောင်း ကြတော့ မနေတက်
"ဘာဖြစ်လဲဆိုတာ ကျွန်တော့ကို သေချာပြောပြပါ သိမှရှင်းလို့ရတာပေါ့" ဆိုတော့မှ

"သားအမေ မင်းအဖေနဲ့ မပေါင်းနိုင်တော့ဘူး "

"အန် မလုပ်ပါနဲ့ ဘာများဖြစ်လို့ပါလဲအမေရယ်"

"အခုတောင် ဒီလိုဖြစ်နေတာ နောင်လဲ မဖြစ်ဘူး မ‌ပြော နိုင်ဘူး သူ့ညီကိုမောင်နမတွေ က သူရှိနေသရွေ့ထပ်နှိပ်ဆက်ကြဦးမှာ သူလဲ အိမ်တင်မဟုတ် သားကိုပါ ရောင်းရင် ရောင်းစားဦးမှာ သား သား မင်းအဖေနဲ့ ဆက်မပေါင်းချင်တော့ဘူး"

"ဒီလိုမလုပ်ပါနဲ့ အမေရယ် လင်ကွဲမယားကွဲဆိုတာ ကောင်းတာမှမဟုတ်တာ မလုပ်ကြပါနဲ့ ကျွန်တော်တောင်းပန်ပါတယ်"

"ဒီမှာ ကို ထျန်စိမ်း တော် တစ်ပတ် တော့ညီမအိမ်သွားနေခဲ့ သေချာစဉ်းစားလာခဲ့ တော် ဒီတိုင်းဆက်လုပ်နေမယ်ဆိုရင် ကျုပ်တို့ကွာရှင်းမယ် သေချာစဉ်းစားလာခဲ့ ကျုပ်ကိုကွာမလား တော့ညီမတွေကို ဆက်ပြီး ပေးကမ်းမှာလားဆိုတာ ရွေးပါ ဒါဘဲကျုပ်ပြောမယ် အခုတော့ ရှင့်ကိုမမြင်ချင်ဘူး ရှင်ထွက်သွားတော့ ဘယ်နှဲ့ မပြေလည်တာတော့ နားလည်ပါတယ် မရှိတဲ့ကြားက ရွေးတာတောင် ဖြတ်စားဖို့ ကြံသေးတယ် သူများမသဒ္ဒါရည်စာ စားပြီး အပင်းစို့သေကြပါစေတော် သူများစိတ်ဆင်းရဲအောင်လုပ်ကြတဲ့ဟာတွေအကုန်" ဆိုပြီးပြောတော့

အဖေခမျာ သူ့အမှားဆိုတော့ ဘာသံမှမထွက် စိတ်ရှုပ်ရှုပ်နဲ့ သူ့ညီမအိမ်ထွက်သွားတော့တယ် ဈာန်ထက်မြတ်လဲ ဘာမှ မပြောဖြစ်တော့ ‌ညနေကျောင်းကို မတက်တော့ဘဲ အမေ့ကို ချော့မော့ကာ ပိုက်ဆံ အိမ်စရိတ်ငါးသိန်းကျော်ပေးကာ စာသင်မယ့်အိမ်ကို ပြေးရတော့တယ်

ဦးမောင်မောင်အိမ်ရောက်တော့ "ဦးအစောကြီးဘဲ ကျောင်းမတက်ဘူးလား ဖေဖေတို့နဲ့ မပြန်လာဘူးထင်တယ်"သုတမေးတော့

အမုန်းအနန္ဒ (Completed)Donde viven las historias. Descúbrelo ahora