Episode 31

1.4K 74 3
                                    

Unicode

နောက်တစ်နေ့မနက်ရောက်တော့ ဈာန်ထက်မြတ် ပျော်ပျော်ရွှင်နဲ့ နိုးထလာခဲ့တယ် အမေ့ကို ဖုန်းလေးဆက်ပြီး အကျိုးအကြောင်းလှမ်းမေးလိုက်တယ်

"ဟယ်လိုအမေ နေကောင်းရဲ့လား အဆင်ပြေတယ်မှတ်လား"

📞အေးသားအဆင်ပြေပါတယ် သားရော အဆင်ပြေရဲ့လား

"အာ ပြေတာပေါ့အမေရဲ့ အကိုတွေအမတွေက ကျွန်တော့ကို ညီလေးမောင်လေးတစ်ယောက်လိုကို ချစ်ကြတာ "

📞အေးပါဒါဆိုလဲ အမေဝမ်းသာရတာပေါ့

"ဟုတ်အမေ ဒါနဲ့ ဒီနေ့ ဘာဟင်းချက်လဲ အိမ်မှာအမေ"

📞မနက်က ခေါင်းရွက်သည် လာတော့ ကြက်သား လှမ်းဝယ်ထားတယ် ကြက်သားကြော်ချက်လေး လုပ်စားမယ် ခဏနေရင်ချက်မှာ ပြီးရင် ကြက်စွတ်ပြုတ်လေးလုပ်သောက်မှာ သား

"ကောင်းတာပေါ့အမေရ သားအတွက်လဲ မပူနဲ့ အမေသိလား သားက အမေတို့ အဖေတို့ကိုသာ စိတ်ပူနေတာ "

📞အေးပါ မပူနဲ့ အခုအဆင်ပြေနေပြီဘဲ

"ဟုတ် အမေ ဒါဘဲနော် ဖုန်းချလိုက်ပြီ "

📞အေးသား

နောက်လှည့်ကြည့်လိုက်တော့ ကလေးသုံးကောင် တံခါးလေးမှာ ခေါင်းသုံးလုံးလေးတွေစီပြီး ချောင်းနေတာမို့

"သားတို့ ဘာတွေလုပ်နေကြတာလဲ "

"ဟီး ဟီး မနက်စာစားမလို့ ဦးကို လာချောင်းတာ" လင်းမာန်ပြောတော့

"အင်း စားမယ်လေ သားတို့ မျက်နှာ သစ်ပြီးပြီလား ဦးကတော့သစ်ပြီးပြီ"

"ဟုတ်ဦး မသစ်ကသေးဘူး သစ်ပြီးရင် တူတူစားမယ်လေနော် မနက်စာ ဟေ့ကောင်တွေ လာ သွားသစ်မယ် မျက်နှာ"သုတခေါ်တဲ့နောက်ပါသွားတော့တယ်

"အေးအေး သား သွားတော့"
ဆိုပြီး ဈာန်ထက်မြတ် ထမင်းစားပွဲဝင်ပြီး စားဖို့ပြင်ဆင်တော့‌တယ် ပြင်ဆင်နေတာက ကိုမောင်မောင်ရယ် မပပ ရယ်အတွက်အပြင် ကလေး သုံးယောက်စာအတွက် ပန်းကန်လေးတွေ ဇွန်းလေးတွေ အသင့်ပြင်ထားပေးလိုက်တယ် မနက်စာကတော့ နန်းကြီးသုပ် နဲ့ ကော်ဖီ လေးတွေမို့ အိမ်ကူလေးတွေကိုပါ ဝိုင်းကူလုပ်ပေးနေလိုက်တယ်

အမုန်းအနန္ဒ (Completed)Tempat cerita menjadi hidup. Temukan sekarang