Episode 35

1.6K 74 4
                                    

Unicode

ဆရာဝန်ထွက်သွားတဲ့အထိ ဆွတ်စိုင်းလက်ကိုမလွှတ်မိသေး ဘေးဘယ်ညာကြည့်ရင်း ဈာန်ထက်မြတ်က
"တောင်းပန်ပါတယ် အားလုံးကိုစိတ်ပူစေမိလို့"

"ဟာ ရပါတယ်" အားလုံးကပြိုင်တူပြောကြတော့

မျက်ရည်လေး စမ်းစမ်း စမ်းစမ်းနဲ့ ဝဲတက်လာတော့ ဆွတ်စိုင်းကျန်တဲ့လက်တစ်ဖက်နဲ့ သုပ်ပေးလိုက်တယ် ထိုအခြေအနေထိ ဈာန်ထက်မြတ် ဆွတ်စိုင်း လက်ကို ကိုင်ထားတုံး

"သား သားတူလက်ကို လွှတ်ပေးလိုက်ဦးလေ ကိုင်ထားတာကြာနေပြီ" သတိထားမိတဲ့ ဈာန်ထက်မြတ်အမေပြောတော့မှ ဈာန်ထက်မြတ်သတိရကာ စုပ်ထားတဲ့လက်ကို လွှတ်ပေးလိုက်တော့တယ်

"သားဆွတ် နာသွားလား ဦးသတိမထားမိလို့ sorry နော် သားဆွတ်"

"အာ မနာပါဘူး ဦးကလဲ အဆင်ပြေပါ ဦးထက် ပိုကျန်းမာကြံ့ခိုင်တယ်ဘာမှမဖြစ်ဘူး " ခွဲစိတ်ထားလို့နာတဲ့သူ့အနာကို မစိုးရိမ်ဘဲ သူ့ကိုစိုးရိမ်ပေးနေတဲ့ ဈာန်ထက်မြတ်ကို ပိုပြီးချစ်မြတ်နိုးလာမိတော့တယ်

"ဪ အဖေပါပါလာတာလား " ဈာန်ထက်မြတ်ပြောတော့

"အင်း လိုက်လာတယ်သား သားသက်သာရဲ့လား "

"ဟုတ်ကဲ့ သက်သာပါတယ် အဖေ ကျွန်တော့ကြောင့် စိတ်ပူပင်ရပြန်ပြီ တောင်းပန်ပါတယ်"

"ရပါတယ် နေကောင်းအောင်နေ သက်သာသလိုနေကြားလားသား "

"ဟုတ်ကဲ့ ဒါနဲ့ " တိုင်မှာကပ်ထားတဲ့ နာရီက အချိန်လှမ်းကြည့်မိတော့

"အကိုတို့အမတို့ သားတို့ အဖေတို့အမေတို့  အချိန်လင့်နေပြီ တစ်ခုခုသွားစားကြပါလား ကျွန်တော်ကရတယ် သက်သာနေပြီအခု"

"အဟမ်း ကျွန်တော်တို့က စားပြီးပြီ ဦးဘဲမစားရသေးတာ လာအခုစားရမယ် ဆန်ပြုပ် စားရင်းဝယ်လာခဲ့တယ် စောနထိပူသေးတယ် အခုတော့အေးပြီ သောက်ရမယ်" ဆွတ်စိုင်းပြောလိုက်တော့ ခေါင်းလေးညိမ့်ပြီး "ဪ" တဲ့

ဆွတ်စိုင်း ပန်းကန်လေးထဲထည့်ပြီးဆန်ပြုပ်ကို ဇွန်းလေးနဲ့ခပ်ပြီး ဈာန်ထက်မြတ်ကို တိုက်လိုက်တယ် ဈာန်ထက်မြတ် မညင်းမိ ဆွတ်စိုင်းတိုက်တာကိုသာ သောက်နေမိတယ် အားလုံးကလဲ သူတို့နှစ်ယောက်ကိုကြည့်ပြီး ဘာပြောရမှန်းမသိ အမြင်က ဇနီးသည် နေမကောင်းလို့ ဆန်ပြုတ်တိုက်နေတဲ့သူနဲ့ တူနေတာမို့ တစ်ဖက်ကကြည့်တော့ ကလေး တစ်ဖက်ကကြည့်တော့ လူနာဖြစ်နေတော့ တစ်မျိုးမထင်ကြတော့ဘဲ လူနာနဲ့ လူနာကိုပြုစုပေးနေတဲ့ သူလို့သာ မှတ်ယူလိုက်တော့တယ်...

အမုန်းအနန္ဒ (Completed)Onde histórias criam vida. Descubra agora