Unicode
တနင်္ဂနွေနေ့ရောက်တော့ ပြောထားတဲ့အတိုင်းဆွတ်စိုင်းရယ် ဈာန်ထက်မြတ်ရယ် ဒေါ်မီမီရယ်က ကိုဥက္ကာတို့အလှူကို မနက်ပိုင်းသွားကြတော့တယ်..
ကားပေါ်တွင် "ဦး ဦးဥက္ကာတို့ က ဘာအလှူလုပ်တာလဲ" ဆွတ်စိုင်းမေးတော့
"အင်း သားဆွတ် ဦးဥက္ကာတို့က အိမ်တက်ရယ် ဘုရားအနေကဇာတင်တာရယ် ပေါင်းလုပ်တဲ့ အလှူသားရဲ့"
"အိမ်တက်တယ်ဆိုတာဘာကိုပြောတာလဲ"
"အင်းသား ဦးရှင်းပြမယ် အိမ်တက်မင်္ဂလာဆိုတာက အိမ်သစ် အိမ်ဟောင်းကိုဆိုလိုခြင်းမဟုတ်ဘူးသားရဲ့ နေရာသစ်ကိုသာ အဓိကဆိုလိုတာ..
မြန်မာမှာတော့ များသောအားဖြင့် နံနက်အခါမျိုးမှာ အိမ်နေရာသစ်အိမ်ကို ရဟန်းသံဃာတော်တွေ ပင့်ဖိတ်ပြီး ဆွမ်းကပ်ခြင်း၊ လှူဖွယ်ဝတ္ထု အစုစုတို့ကို လှူဒါန်းခြင်း၊ ဖိတ်ထားသော ဧည့်သည်များကို ဧည့်ခံကျွေးမွေးခြင်း၊ ပရိတ်တရားတော်တို့ကို နာယူခြင်း၊ သတ္တဝါတို့ကို အမျှပေးဝေခြင်း၊ သာဓုခေါ်ခြင်း စတဲ့ ဒါန သီလကောင်းမှုအဖြာဖြာတွေကို အမြတ်တနိုး ပြုလုပ်လေ့ရှိကြတယ်သားဆွတ်ရဲ့တချို့ကတော့ ညနေချမ်းအခါမှာ သံဃာတော်များကိုပင့်ဖိတ်ပြီး သရဏဂုံသီလ ဆောက်တည်ကြပြီး အန္တရာယ်ကင်းပရိတ်နာခြင်း၊ လှူဖွယ်ဝတ္ထုများ လှူဒါန်းခြင်း၊ ရေစက်ချအမျှဝေခြင်း စတာတွေကို ပြုလုပ်ပြီး အိမ်တက်မင်္ဂလာပွဲဆင်နွှဲကြလေ့ရှိပါတယ်သား...
အိမ်တက်မင်္ဂလာပွဲ ဆင်နွှဲလှူဒါန်းခြင်းဟာ ဘုရားရှင်လက်ထက်တော်ကတည်းက စတင်ပြီး ခုထိတိုင်အောင် လက်ခံကျင့်သုံးနေတဲ့ ထေရဝါဒဗုဒ္ဓဘာသာရဲ့ ယဉ်ကျေးမှုတစ်ရပ်လည်း ဖြစ်ပါတယ်သား အဲ့ဒါ့အပြင် သတိထားဆောင်ရွက်ရမယ့်အရာများလည်း ရှိပါသေးတယ်
"အိမ်ဆောက်ပြီး (၆)လအတွင်းမှာ အိမ်တက်မင်္ဂလာ ပြုလုပ်ရမယ်.."
ဆိုလိုတာက အိမ်ဆောက်လုပ်သည့်နေ့ကနေ စတင်ပြီးတော့ ၆ လလွန်သည်အထိ အိမ်သစ်တက်ခြင်း၊ အိမ်ပြောင်းရွှေ့ခြင်းများကို မပြုလုပ်ရတော့ဘူး ဆောက်လုပ်ပြီးစီးသည့်နေ့ကနေ ၆လအတွင်း အိမ်တက်မင်္ဂလာကို ပြုလုပ်ရမှာသားဆွတ်ရဲ့..
VOCÊ ESTÁ LENDO
အမုန်းအနန္ဒ (Completed)
Ficção GeralUnicode သာမာန်မိသားစုတစ်ခုမှပေါက်ဖွားလာပြီး မိမိကြိုးစားမှု့ကြောင့် အမြင့်တစ်နေရာ သမာအာဇီဝကျကျ တက်လှမ်းနေဆဲ ဖြစ်ကာကုမ္ပဏီတစ်ခုမှာ ရာထူးတစ်နေရာရရှိနေတဲ့သူ ကျောင်းပြီးသည့်တိုင် ပြင်ပမှာ သင်တန်းများ diploma များသင်ယူရင်း တစ်ဖက်မှာလဲ အပိုဝင်ငွေကို စာသင...