Unicode
ဈာန်ထက်မြတ် နောက်နေ့မနက် ရောက်တော့အလုပ်သွားတော့ အလုပ်က အသစ်ဆိုတော့ စိမ်းနေသေးတော့ စောစော သွားကာလေ့လာသင့်သလောက် လေ့လာတယ် သူများမရောက်ခင် သူသွားပြီး လက်အောက်ငယ်သားများကို စီမံပေးတယ် လက်အောက်ငယ်သားတွေထဲမှာ ကိုယ့်ထက်ကြီးသူများပါ ရှိတော့ respect ထားပြီး ဆက်ဆံပေးတယ် အပေါင်းအသင်းဝင်ဆံ့သည့်အတွက်ခဏလေးအတွင်း ရင်းနီးသွားကြတော့တယ်...
ညနေပိုင်း ကလေးသုံးယောက်ကို စာမသင်ခင် မိမိ ကျောင်းသွားတက်ရမှာမို့ အလုပ် ပြီးတော့ ကားစောင့်ရင်း စာများဖက်နေလိုက်တယ် မိမိစီးမည့်ကား ရောက်လာတော့ ဖက်နေတဲ့စာအုပ်ကို သိမ်းပြီး အထုတ်ဆွဲကာ ကားပေါ်တက်ကာ ကျောင်းကိုဆက်သွားလိုက်တော့တယ် ကျောင်းသွားတော့ အထုတ်အပိုးများနှင့်ဆိုတော့ နေရာများပေးကြတော့ သက်သာသွားပြီး မာလာမှတ်တိုင်ရောက်တော့ ဆင်းပြီး လွယ်အိတ်လွယ် အထုတ်ဆွဲ ကာ ကျောင်းကိုသွားတော့တယ်...
စာသင်ပြီးချိန်မှာတော့အကိုမောင်မောင် ကားနဲ့ဘဲ သုတထွန်းတို့အိမ်ကို လိုက်သွားတော့တယ်....
သုတထွန်း ဒီနေ့ သူ့အိမ်ကို ဦး စာသင်ဖို့ လာမယ် ပြီးရင်ညအိပ်မယ်ဆိုတော့ ထိုင်မရထမရဖြစ်နေတယ် ဦးကြိုက်မယ့် အရာလေးတွေပြင်ထားလိုက်တယ် ဦးလာရင် အမောဖြေမို့ သံပရာရေလေး ဖျော်ထားပြီး အေးအောင် ရေခဲသေတ္တာထဲ ထည့်ထားလိုက်တယ် ဦးမရောက်ခင် လင်းမာန်နဲ့ မြတ်သော်ဇင်တို့ ရောက်လာတော့ သူတို့နဲ့ ထိုင်စကားပြောရင်း ဦးကို လှည့်ကြည့်လှည့်ကြည့်နဲ့ မျှော်နေလိုက်တယ်... ထို့အတူ မြတ်သော်ဇင် နဲ့လင်းမာန်လဲ စကားပြောသာပြောနေရတယ် ဦးအလာကို လှည့်ကြည့်လှည့်ကြည့်နဲ့ ဝင်လာမည်ကို မျှော်နေကြတယ်...
"အား အချိန်ကလဲ မြန်မြန်မကုန်ဘူး ၇နာရီကလဲ မခွဲသေးဘူး အခုထိ ဘာလို့မလာသေးတာလဲမသိဘူး တစ်ခုခုများဖြစ်လို့လား မဟုတ်နိုင်ပါဘူး ဖက်ဖက်လွဲပါစေဖယ်ပါစေ ဦးကဘာမှဖြစ်မှာမှ မဟုတ်တာ " သုတ ပွစိပွစိပြောနေလိုက်တော့
လင်းမာန်က "ဟေ့ကောင် ငသု မင်းဘာတွေပြောနေတာလဲ ပြောရက်လဲ ကြားအောင်ပြောဟငသုရ ငါဦးကို မျှော်နေတာ စိတ်ပူနေလို့ မကြားလို့ဟ"
ESTÁS LEYENDO
အမုန်းအနန္ဒ (Completed)
Ficción GeneralUnicode သာမာန်မိသားစုတစ်ခုမှပေါက်ဖွားလာပြီး မိမိကြိုးစားမှု့ကြောင့် အမြင့်တစ်နေရာ သမာအာဇီဝကျကျ တက်လှမ်းနေဆဲ ဖြစ်ကာကုမ္ပဏီတစ်ခုမှာ ရာထူးတစ်နေရာရရှိနေတဲ့သူ ကျောင်းပြီးသည့်တိုင် ပြင်ပမှာ သင်တန်းများ diploma များသင်ယူရင်း တစ်ဖက်မှာလဲ အပိုဝင်ငွေကို စာသင...