Unicode
မနက်ရောက်တော့ ဦးထွန်းအောင်စိုင်းက
"ငါ့ညီ အကိုနဲ့တူတူ ရုံးကိုသာလိုက်ခဲ့ တူတူသွားမယ်"
"ကောင်းပါ့မလားအကိုရဲ့ ကုမ္ပဏီကလူတွေအမြင်မှာ ပြောစရာဖြစ်နေပါလိမ့်မယ်"
"ရတယ် လိုက်သာ လိုက်ခဲ ငါ့ညီ ဂရုမစိုက်နဲ့"
"ဟုတ်အကို "
"ဟုတ်တယ် မောင်လေးရဲ့ ဂရုမစိုက်နဲ့ ကိုယ်လုပ်စရာရှိတာသာလုပ် ကြားလား"
"ဟုတ်အမ "
"အင်း မနက်စာစားရအောင် "
"သားဆွတ်မထသေးဘူးနဲ့တူတယ် "ဈာန်ထက်မြတ်ပြောတော့
"အင်းဟုတ်လိမ့်မယ် ငါ့မောင် သားဆွတ် အိပ်ယာထနောက်ကျနေတာဖြစ်လိမ့်မယ်" ဒေါ်မီမီပြောပြီး စားပွဲဝိုင်း ထိုင်လိုက်တယ်
အလိုက်သင့် ထိုင်လိုက်တော့ အိမ်အကူ ကောင်မလေးများက စားစရာတွေကို ထည့်ပေးတာမို့
"ကျေးဇူးနော်ညီမတို့ " ဆိုပြီးပြောကာ စားလိုက်တော့တယ်....
မနက်စာစားပြီးတော့ ဆွတ်စိုင်းမနိုးလာသေး ဒါ့ကြောင့် ဆွတ်စိုင်းကို မနှုတ်ဆက်တော့ဘဲ ရုံးကိုသွားလိုက်တော့တယ်...
ကားပေါ် တက်ပြီး ခါးပါတ်ပါတ်ကာ ကိုထွန်းအောင်စိုင်းနဲ့ အလုပ်အကြောင်းတွေ ပြောရင်း လိုက်ပါလိုက်တော့တယ်...
ဆွတ်စိုင်း မနက်အိပ်ယာနိုးလာတယ် အချိန်ကြည့်မိတော့ ၈နာရီ ရှိနေခဲ့ပြီး သူအတင်းကာရောထပြီး အခန်းအပြင်ကို ပြေးထွက်တော့ ဦးကိုမတွေ့တော့ မေမေ့ကိုဘဲ တွေ့တော့တယ်..
"မေမေ ဦးရော "
"သွားပြီသားရဲ့ အလုပ်ကို သားဖေနဲ့တူတူ "
"ဟာ မေမေရာ သားကိုတော့မနှိုးဘူး "
"ဪ သားကလဲ သားအိပ်နေတော့ အိပ်ရေးပျက်မှာစိုးလို့ မနှိုးတော့တာသားရဲ့ "
"ဦးကိုတောင်မနှုတ်ဆက်လိုက်ရဘူး "
"သာကြာနေ့ပြန်လာမှာဘဲသားရယ် "
"အဲ့ဒါတော့အဲ့ဒါပေါ့"
"သားမနက်စာမစားတော့ဘူးလား"
YOU ARE READING
အမုန်းအနန္ဒ (Completed)
General FictionUnicode သာမာန်မိသားစုတစ်ခုမှပေါက်ဖွားလာပြီး မိမိကြိုးစားမှု့ကြောင့် အမြင့်တစ်နေရာ သမာအာဇီဝကျကျ တက်လှမ်းနေဆဲ ဖြစ်ကာကုမ္ပဏီတစ်ခုမှာ ရာထူးတစ်နေရာရရှိနေတဲ့သူ ကျောင်းပြီးသည့်တိုင် ပြင်ပမှာ သင်တန်းများ diploma များသင်ယူရင်း တစ်ဖက်မှာလဲ အပိုဝင်ငွေကို စာသင...