Unicode
တနင်္လာနေ့ညနေဘက်ရောက်တော့ ဈာန်ထက်မြတ် မိဘတွေအိမ်ကိုပြန်ခဲ့တော့တယ်..
"အမေ ကျွန်တော်ပြန်လာပြီ"
"ဪ အေးသား ပြန်ခဲ့ပြီလား ကလေးတွေကော အဆင်ပြေရဲ့လား စာသင်ရတာ "
"ပြေတယ်အမေ ဒါနဲ့ အဖေကော ဘယ်သွားလဲ"
"အလုပ်ပြန်တော့ ရေမိုးချိုးပြီး အမေတို့စားဖို့ ကြေးအိုးဆီချက်သွားဝယ်တယ်သား" မျက်နှာ ဟန်မထိန်းနိုင်ဘဲ ပြန်ဖြေတယ်
"ဟုတ်အမေ ကအခုဘာလုပ်နေတာလဲ ဟင်းချက်နေတာလား "
"အင်း ကန်စွန်းရွက်ကြော်နေတာ သားအတွက် ဒီနေ့ပြန်လာမယ်ဆိုလို့လေ"
"ဪ ဟုတ် ဒါဆို ကျွန်တော် ရေချိုးလိုက်ဦးမယ် ပြီးရင် ထွက်လာခဲ့မယ်လေနော်"
"အေးအေးသား " ပြောပြီး ဈာန်ထက်မြတ်အမေ မီးဖိုဆောင်ထဲ ပြန်ဝင်သွားတော့တယ်
ဈာန်ထက်မြတ်လဲ အမေနဲ့ ပြောပြီး အခန်းထဲဝင်ကာ ရေမိုးချိုး အဝတ်အစားလဲတော့တယ်...
ထမင်းစားချိန်ရောက်တော့ ကြေးအိုးဆီချက် ထမင်း နဲ့ ကန်စွန်းရွက်ကြော် နဲ့ စားတက်သူအဖို့ လိုက်ဖက်လှပါတယ် ကြေးအိုးကိုတော့ မိဘတွေကိုသာစားစေပြီး ကန်စွန်းရွက်ကြော်နဲ့ ထမင်းကိုတော့ ဈာန်ထက်မြတ်စားလိုက်တယ်..
"သား စာသင်ရတာအဆင်ပြေလား" အဖေမေးတော့
"ပြေတယ်အဖေ အဖေကော အလုပ်ကအဆင်ပြေရဲ့လား"
"ပြေပါတယ်သားရဲ့ သားက အလုပ်လဲလုပ် စာလဲသင်ဆိုတော့ တော်တော်ပင်ပန်းမှာပေါ့ " မျက်နှာမကောင်းတဲ့ပုံနဲ့ ပြန်ဖြေတယ် အမေကတော့ မျက်နှာသိပ်မကောင်း ဘာမှတော့ဝင်မပြောဖြစ် ဈာန်ထက်မြတ်လဲ ကိုယ့်ကိုမသိစေချင်လို့ မပြောတာမို့ မမေးဖြစ်တော့ဘူးပေါ့...
ဈာန်ထက်မြတ်လဲ ထမင်းစားပြီး အိုးခွက်ပန်းကန်တွေဆေးပေးပြီး မှောက်ထားကာ နှုတ်ဆက်ပြီး အခန်းထဲဝင်သွားတော့တယ် ..
အခန်းထဲဝင်ပြီး ထိုင်ကာ အချိန်ကြည့်တော့ ဆယ်နာရီထိုးနေပြီဖြစ်တာမို့ ဘုရားရှိခိုးနေလိုက်တယ် သူဘုရားရှိခိုးနေတုံး အခန်း အပြင်ဘက်က အသံတွေကြားနေမိတယ် ကမန်းကတန်း ဘုရားမြန်မြန်ရှိခိုးပြီးတော့ ပြင်ဘက်ထွက်ကြည့်တော့ အဖေတို့အခန်းကဖြစ်နေတော့ ကြားနေရတဲ့စကားတွေက..
VOCÊ ESTÁ LENDO
အမုန်းအနန္ဒ (Completed)
Ficção GeralUnicode သာမာန်မိသားစုတစ်ခုမှပေါက်ဖွားလာပြီး မိမိကြိုးစားမှု့ကြောင့် အမြင့်တစ်နေရာ သမာအာဇီဝကျကျ တက်လှမ်းနေဆဲ ဖြစ်ကာကုမ္ပဏီတစ်ခုမှာ ရာထူးတစ်နေရာရရှိနေတဲ့သူ ကျောင်းပြီးသည့်တိုင် ပြင်ပမှာ သင်တန်းများ diploma များသင်ယူရင်း တစ်ဖက်မှာလဲ အပိုဝင်ငွေကို စာသင...