Episode 37

1.3K 75 1
                                    

Unicode

ထမင်းစားပြီးကြတော့ သုံးယောက်သား ဧည့်ခန်းမှာ ထိုင်ဖြစ်ကြတယ် "အမ ဆိုင်မသွားဖြစ်ဘူးပေါ့ ကျွန်တော့ကြောင့် နားလိုက်ရပြီ" ပြောတော့

"အောင်မလေး ငါ့မောင်ရယ် ဆိုင်မှာ သူ့လူနဲ့သူရှိပါတယ် မသွားလဲ ကိစ္စမရှိပါဘူး ငါ့မောင်သာ ဂရုစိုက်ရမှာ လူကြည့်တော့ ဖြူဥပြီး ချောမောနေတာ မိန်းကလေးတောင် အရှုံးပေးရလောက်တယ် အားကလဲ နည်းနေတာ ကိုယ့်ဘာသာဂရုစိုက် ဟုတ်ပြီလား"

"ဟုတ် မမီ"

"အင်း ရော့စားကြည့် မန္တလေး ထိုးမုန့် အရသာကောင်းတယ် စိမ့်စိမ့်လေး"

"ဟုတ်ကဲ့ သားဆွတ်လဲ စားလေ မမှီဘူးလား ဦးယူပေးရမလား "

"ခွံ့ကြွေး"

"အန်"

"ငါ့မောင်ရေ အဟမ်း ကလေးလုပ်ချင်နေတာ သဘောပေါက် "

"ဪ ဒီလိုလား လူကောင်ကြီးက ဦးထက်တောင်ကြီးနေတာ ကလေးလုပ်ချင်တုံး ဟက်လား လာပါးစပ်ဟ " ဆိုပြီးထိုးမုန့်ကို ခွံကြွေးလိုက်တော့တယ်.

"အာ ကောင်းလိုက်တာ " ပလုပ်ပလောင်းနဲ့ပြန်ပြောလိုက်တယ် ထိုအချိန် ဘဲလ်တီးသံကြားတော့ အလုပ်သမားတွေ တံခါးဖွင့်ပေးလိုက်တော့ ဟိုမျောက်လောင်း သုံးကောင်မို့ ဆွတ်စိုင်း မဲ့ပြီး

"ဘာလာလုပ်ကြတာလဲ " မေးလိုက်တော့

"ဦးဆီလာတာလေ တွေ့ချင်လို့ နေကောင်းလားလာကြည့်တာ" သုတပြောတော့

"အခုကြည့်ပြီးပြီမှတ်လား ကောင်းတယ် တွေ့လား ပြန်တော့ " ပြန်ပြောတော့

"မပြန်ဘူး ဒီမှာအိပ်မှာ ဦးနဲ့" လင်းမာန်ပြောတော့

"ဘာ မင်းတို့ကို ဘယ်သူက အိပ်ခိုင်းမယ်ပြောလို့လဲ  မအိပ်ခိုင်းဘူး အခုပြန်"

"မပြန်ဘူး အိမ်ခိုင်းခိုင်း မခိုင်းခိုင်း အိပ်မှာ နော် အန်တီမီ"လင်းမာန်ပြောတော့

"အင်း"

"ဟာ မေမေ သူတို့ကို ပြန်ခိုင်း ဦးကို မစောင့်ခိုင်းနဲ့ ဦး ပြန်ဖို့သူတို့ကိုပြောလိုက်"

"ဟာ သားဆွတ် ဘယ်လိုတွေပြောနေတာတုံး သားသူငယ်ချင်းတွေကို " ဈာန်ထက်မြတ် ပြောတော့

အမုန်းအနန္ဒ (Completed)Wo Geschichten leben. Entdecke jetzt