Episode 20

1.8K 91 3
                                    

Unicode

ဆွတ်စိုင်းကို ကြတော့ စာသင်ရတာမဟုတ် guide သဘောမျိုး ဆရာမတွေ သင်ပေးထားတာတွေကို သူနဲ့တူတူလုပ်ပေးရတာ ဆွတ်စိုင်းက အရမ်းဉာဏ်ကောင်းတော့ မေးခွန်းတစ်ခုကို တစ်ခါတည်းရှင်းတာနဲ့ နားလည်တယ် နားလည်အရမ်းလွယ်လို့ သူမပင်ပန်း အင်္ဂလိပ်လိုလဲ ကျွမ်းနေတော့ နှစ်ယောက်လုံးအဆင်ပြေကြတယ် တစ်ခါတစ်လေ နှစ်ယောက်လုံး မြန်မာလိုတောင်မပြောတော့ဘဲ အင်္ဂလိပ်လိုသာစာမေး စာရှင်းပြတော့တယ်..

စာလုပ်တုန်း ခဏနားပြီး ဈာန်ထက်မြတ်က "သားဆွတ် သားအခြား language တွေလဲ လေ့လာပါလား သားဆို ခဏလေးနဲ့ အတက်မြန်မှာ အနည်းဆုံး နှစ်ခုလောက်က အသာလေး သားဘယ် language စိတ်ဝင်စားလဲ သား"

"အင်း စဉ်းစားထားတယ် ကုမ္ပဏီ က နိုင်ငံခြားတွေနဲ့ပါ ချိတ်ဆက်နေတာ အထူးသဖြင့် ဂျပန် ကိုရီးယား တရုတ် နဲ့ ပြင်သစ်  ဒါ့ကြောင့် လေးခုလုံးတက်ဖို့ စဉ်းစားထားတယ် "

"အင်းသားရမှာပါ သားကတော်တာဘဲကို "

"အဲ့လောက်လဲမဟုတ်ပါဘူး ကျွန်တော်ဘယ်လောက်တော်တော် ကျွန်တော့ကိုထိန်းမက်ပေးမယ့် အိမ်ထောင်ဖက် ဆုံးမပေးမယ့် အိမ်ထောင်ဖက် မရမချင်းတော်တယ်လို့ မသက်မှတ်နိုင်ဘူးလေ"
ဆိုပြီး ဈာန်ထက်မြတ်ကို စိုက်ကြည့်ပြီးပြောလိုက်တော့ ဈာန်ထက်မြတ်လဲ အကြည့်ကို ချက်ချင်းလွှဲလိုက်တယ်..

"ကဲ စာဆက်သင်မယ်လေသားဆွတ် "
သားဆွတ်ပြောကာမှ သူ့ကိုသူသုံးသပ်ကြည့်မိတယ် ငါကရော ချစ်တဲ့သူကို တွေ့မှာလား ငါက ချစ်နိုင်မှာလား ဟင့်အင်း ငါဘယ်သူ့ကိုမှ ချစ်လို့မရဘူး ၁၅၀၀ လို့ခေါ်တဲ့ လူနှစ်ဦးအချစ် ငါ့စိတ်ထဲက ချစ်ချင်းက ၅၂၈ ချစ်ချင်းဘဲရှိတယ် ဟုတ်တယ် ဆိုပြီး အတိတ်တစ်နေရာကို ပြန်တွေးမိသွားတယ်..

ဈာန်ထက်မြတ် ပထမနှစ် တုံးက သူကျောင်းတက်တော့ သူ့သူငယ်ချင်း ကောင်မလေး တစ်ယောက်ရှိတယ် သူ့ကို အရမ်းခင်တယ် သူလဲ ဘဲ ခင်တယ် သူက ဈေးမှာ ငါးခြောက်ရောင်းတယ် ကျောင်းသွားလဲ တူတူ ကားစီးလဲတူတူ ဘယ်သွားသွားတူတူ အများက တွဲနေကြပြီတောင်ထင်တာ တစ်နေ့ ကောင်မလေးက ပြောလာတယ်

အမုန်းအနန္ဒ (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ