Unicode
Sales and Marketing ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဈာန်ထက်မြတ် မိမိဝါသနာအရတက်ချင်သည့်ကျောင်းကို မတက်ရဘဲ မိဘအလိုအကျ တက်ခိုင်းသည့်တက္ကသိုလ် နည်းပညာတက္ကသိုလ်ကိုသာတက်ခဲ့ရတယ် မိမိတက်ချင်သည်က စီးပွားရေးတက္ကသိုလ် မိဘကိုလုံးဝမလွန်ဆန်နိုင်တော့ မိဘသဘောကျ နေထိုင်ခဲ့ရပါတယ်..... အကြောင်းအရင်းက မိမိဆွေမျိုးများထဲမှာ အင်ဂျင်နီယာတစ်ယောက်မှ မရှိကြသလို ညီကိုမောင်နှမဝမ်းကွဲများမှာလဲ ဆယ်တန်းတောင်မအောင်ကြသည့်သူများမို့ မိမိကို ဆွေမျိုးများထက် ထူးချွန်စေချင်သည့်ဆန္ဒ အရာရာချိုးခြံချွေတာပြီး မတက်နိုင်သည့်မိသားစုအခြေအနေတစ်ခုမှ သားသမီးအပေါ်ဖြစ်စေချင်သည့်ထွန်းပေါက်စေချင်သည့်ဆန္ဒဖြင့် မိဘများအနစ်နာခံပြီးတက်စေခဲ့တယ် ဝမ်းနည်းလားမေးတော့ မဝမ်းနည်းပါဘူး မိဘက သားသမီးဆိုးအောင် ဘယ်တော့မှလုပ်မှာမှမဟုတ်တာ ကောင်းဖို့အတွက်လမ်းညွှန်ပေးတာဘဲ လက်ခံရမှာပေါ့......
တစ်နေ့ First Year မှာ သူငယ်ချင်းမိန်းကလေးတစ်ယောက်နဲ့ အရမ်းခင်ခဲ့ပါတယ် သူ့အိမ်ကိုယ့်အိမ်လိုမျိုး ဖြစ်နေတဲ့အထိ ရင်းနီးကြတာပေါ့ သို့သော် သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်အောက်မှာဘဲ သို့သော် သူငယ်ချင်းထက်တစ်ယောင်နှင့်တစ်ယောင်ပိုနေကြတာ မိမိကိုယ်တိုင်သာ အသိဖြစ်မှာပါ... ဒါကို အမေကရိပ်မိနေတာပေါ့ တစ်နေ့ ကျောင်းကနေအပြန် ဘုရားဝင်ပြီးဓာတ်ပုံတွေရိုက်ကြပြီး ဓာတ်ပုံကူးပြီး အိမ်ပြန်လာခဲ့တယ် မိမိတို့က ရိုးသားကြတော့ အမေ့ကိုပြလိုက်တယ် နောက် အေးဆေးသာနေလိုက်တော့ တစ်နေ့ သတိရလို့ ပုံတွေကို ရှာတဲ့အခါ တစ်ပုံမှမရှိတော့ဘူး အမေ့ကိုမေးတော့ မသိဘူးတဲ့ ထားလိုက်ပါတော့ဆိုပြီး စာသာလုပ်နေလိုက်တော့တယ်.....
တစ်နေ့အမေကပြောလာတယ် အဲ့ကောင်မလေးနဲ့ သဘောမတူနိုင်ဘူးတဲ့ ငါးခြောက်သည်သမီး မို့သဘောမတူနိုင်ဘူး ဒါ့ကြောင့်ရှေ့ဆက်မတိုးနဲ့တဲ့ မိမိအနေနဲ့ အရမ်းဆွံ့အသွားမိတယ် မိဘကိုလွန်မှမလွန်ဆန်နိုင်တာ မိဘသဘောအတိုင်းဘဲပေါ့ ခပ်ကင်းကင်းနေဖြစ်တယ် သို့သော် အခေါ်အပြောတော့မပျက်ဘူး ဒါ့ကြောင့်သူလဲမရိပ်မိဘူးပေါ့.......
KAMU SEDANG MEMBACA
အမုန်းအနန္ဒ (Completed)
Fiksi UmumUnicode သာမာန်မိသားစုတစ်ခုမှပေါက်ဖွားလာပြီး မိမိကြိုးစားမှု့ကြောင့် အမြင့်တစ်နေရာ သမာအာဇီဝကျကျ တက်လှမ်းနေဆဲ ဖြစ်ကာကုမ္ပဏီတစ်ခုမှာ ရာထူးတစ်နေရာရရှိနေတဲ့သူ ကျောင်းပြီးသည့်တိုင် ပြင်ပမှာ သင်တန်းများ diploma များသင်ယူရင်း တစ်ဖက်မှာလဲ အပိုဝင်ငွေကို စာသင...