Unicode
ဈာန်ထက်မြတ် တစ်ယောက် ယနေ့တနင်္လာနေ့ဖြစ်သောကြောင့် မနက်ဖန် ကလေးသုံးယောက်ကို စာသင်ပေးရမှာ မို့ ကြိုတင်ပြင်ဆင်သည့်အနေနဲ့ အင်္ကျီ တွေထည့်နေလိုက်တယ် ခြောက်ရက်စာလုံလုံလောက်လောက်ဖြစ်အောင်လို့ သူကြိုက်တဲ့ Galanz Romance Body Mist လေးကိုထည့်လိုက် ပြီးဇစ်ပိတ်လိုက်တော့တယ် ပြီးတော့ လက်တော့လေးကို ဖွင့်လိုက်ပြီး အင်တာနက်နဲ့ ချိတ်ဆက်ပြီးဆရာသင်ခဲ့တဲ့ စာတွေကို စာအုပ်နဲ့တွဲပြီး လေ့လာလိုက်တယ် ......
"တီ.....တီ.... တီ....." ဖုန်းလေးတစ်ကောဝင်လာတော့ ကြည့်လိုက်တော့ ကိုဥက္ကာ ဖြစ်နေတော့ မြန်မြန်ကိုင်လိုက်တယ်
"ဟုတ်ကဲ့ အကို ဥက္ကာ ဒီနေ့ကျောင်းမလာဘူး နေမကောင်းလို့လား အကို"
📞အကိုအလုပ်မပြီးသွားလို့ညီရေ ဒါ့ကြောင့် မမှီတော့လို့ မတက်တော့တာ ဘာဖြစ်လဲ ငါ့ညီရှိတာဘဲ ငါ့ညီပြန်ရှင်းပြပေးပေါ့ မဟုတ်ဘူးလား📱
"ရပါတယ်အကိုရယ် ကိုယ့်အကိုဘဲ ရှင်းပြရမှာပေါ့ ပြီးရင် note ထုတ်ထားတာနဲ့ အကြောင်းအရာအချက်တွေကို မြန်မာလို ရှင်းထားတာကို အကို့ဆီ viber ကနေပို့ပေးလိုက်မယ်အကို မရှင်းရင် ပြန်မေးလေအကို "
📞အေးပါကွာ ငါ့ညီရယ် ဒါနဲ့ ပြောရမယ့် ကိစ္စတောင် မေ့တော့မလို့ ဒီတစ်ပတ် ပိတ်ရက် တနင်္ဂနွေနေ့ အိမ်မှာ အလှူရှိတယ် ငါ့ညီ လာခဲ့ဖို့ ပြောမလို့ အကို တစ်ယောက်ချင်းစီကို ဖုန်းဆက်ပြီး လိုက်ဖိတ်နေတာ ကလေးတွေကို စာသင်ဖို့ရှိတာသိပေမယ့် သူတို့နဲ့တူတူ ညီပါလာခဲ့လိုက် တူတူတွေ့ရတာပေါ့ ကလေးတွေရောနဲ့📱
"ဟုတ်ကဲ့အကို အဲ့အချိန်က သားဆွတ်စာသင်ချိန်ဆိုတော့ အကိုထွန်းအောင်စိုင်းပြောကြည့်လိုက်မယ် သူတို့ပါ ပါမှာဆိုတော့ အဆင်ပြေမှာပါ အလှူက ဘာအလှူလဲအကို အခုမှလေးလပိုင်း နောက်ဆုံးပတ်ဆိုတော့လေ "
📞အော်ညီ အိမ်တက် ဘုရားအနေကစာတင်တာညီရဲ့ အိမ်ပြန်ဆောက်ထားတော့ ဒါ့ကြောင့် 📱
"ဟုတ်ကဲ့အကို ကျွန်တော်ကော ဘာကူညီပေးရဦးမလဲ အကို လိုတာရှိရင်ပြောပါ "
![](https://img.wattpad.com/cover/274167776-288-k419778.jpg)
YOU ARE READING
အမုန်းအနန္ဒ (Completed)
General FictionUnicode သာမာန်မိသားစုတစ်ခုမှပေါက်ဖွားလာပြီး မိမိကြိုးစားမှု့ကြောင့် အမြင့်တစ်နေရာ သမာအာဇီဝကျကျ တက်လှမ်းနေဆဲ ဖြစ်ကာကုမ္ပဏီတစ်ခုမှာ ရာထူးတစ်နေရာရရှိနေတဲ့သူ ကျောင်းပြီးသည့်တိုင် ပြင်ပမှာ သင်တန်းများ diploma များသင်ယူရင်း တစ်ဖက်မှာလဲ အပိုဝင်ငွေကို စာသင...