Episode 18

1.6K 81 0
                                    

Unicode

မနက်ရောက်တော့ အားလုံး ခဏထိုင်ကြတယ် ညကဖြစ်သွားတဲ့ ကိစ္စရပ်ကြောင့် သုတထွန်းနဲ့ မြတ်သော်ဇင် ခေါင်းငုံ့ထားပြီးနေကြတယ် ရှက်တာကိုး..

ထိုအချင်းအရာကိုသိတဲ့ ဈာန်ထက်မြတ်ကတော့ ကလေးတွေ အနေခက်နေမှန်းသိနေတော့ စကားစပြောလိုက်တယ်...

"ကဲသားတို့ ဒီနေ့ကစပြီး ညအိပ်ယာဝင်ခါနီး အချိန်ရောက်ရင် ရေ အအေး မသောက်ရတော့ဘူး မအိပ်ခင် တရား နာရီဝက်ထိုင်ရမယ် အိပ်ယာမဝင်ခင်မှာ အပေါ့အပါးသွားထားရမယ် အကုန်လုံးကြားလားသားတို့ "

"ဟုတ်"အားလုံးပြောကြတယ်..

"မနေ့က ဦး အိပ်ခန်းထဲဝင်တော့ သားတို့ ဂိမ်းဆော့သေးတယ်ဟုတ်"

"ဟုတ် "

"အင်း ပြီးတော့ မုန့်လဲ စားကြတယ်မှတ်လား"

"ဟုတ်ကဲ့"

"အအေးကောပါတယ်မှတ်လား ပြီးတော့ တစ်ခါတည်း အိပ်ယာဝင်ကြတယ်ဟုတ် "

"ဟုတ်တယ်ဦး"

"အင်းဒါကြောင့် ဖြစ်တာသားတို့ရဲ့ ဒီနေ့ကစပြီး ဉီးပြောတဲ့အတိုင်း ညအိပ်ယာဝင်ခါနီးကို အအေးမသောက်မိစေနဲ့ အပေါ့အပါးသွားထားရမယ် မအိပ်ခင် တရား နာရီဝက်ထိုင်ပြီးမှ အိပ်ကြရမယ်နော် သားတို့ "

"ဟုတ်ကဲ့ဦး"

"အေးအေး သားတို့က လိမ္မာပြီးသား တော်ပြီးသား ဟုတ်ပြီဟုတ်ပြီ ဘာမှမဟုတ်တော့ဘူး မနက်စာစားကြ ဦးလဲ အလုပ်သွားတော့မယ် ညမှတွေ့မယ်နော် သားတို့..."

"ဟုတ်ဦး ဖြည်းဖြည်းသွားပါ လင်းမာန်ပြောလိုက်တယ်

"အင်းသားလင်းမာန် စာလုပ်ထားကြနော် သားတို့ မသိရင် ဦးပြန်လာရင်မေးလေနော်..."

"ဟုတ်"အားလုံးပြောကြတယ်..

"အကို အမ ကျွန်တော်သွားလိုက်ဦးမယ် ညနေ ကျောင်းမှာ တွေ့မယ်နော် အကို နဲ့အမ "

"အေး‌ပါ ငါ့မောင်ရယ် ဂရုစိုက်သွား ကိုမာင်ကို လိုက်ပို့ခိုင်းရမလား"

"နေပါစေ အမရယ် အကို‌မောင်မောင်နားပါစေ ရပါတယ် အလုပ်က နီးသွားပြီလေး "ရယ်ပြီးပြောလိုက်ကာ အလုပ်ကို သွားလိုက်တော့တယ်....

အမုန်းအနန္ဒ (Completed)Tempat cerita menjadi hidup. Temukan sekarang