Episode 51

1.9K 71 0
                                    

Unicode

မီးဖိုခန်းထဲရောက်တော့ အမေဖြစ်သူက

"သား သားအဆင်ပြေလား "

"ဟုတ်အဆင်ပြေတယ်အမေ  "

"သားကိုတော့ သူကချစ်တယ်ဆိုတာ မေမေတို့သိပါတယ် သူ့မှာ တစ်ဇွတ်ထိုးလုပ်တဲ့အကျင့်ရယ် မရရင် ရအောင်ယူတက်တဲ့ အကျင့်ရယ် ရှိနေတာ အဲ့တာလေးဘဲ  ပြောစရာရှိတယ်"

"ဟုတ်"

"နောက်ပြီး စကားကအရမ်းတက်တယ် ချက်နဲ့လက်နဲ့ ပြန်ပြောတက်တယ် "

"ဟုတ်ကဲ့"

"ယောင်္ကျားလေးခြင်းမို့ သူများပြောစရာဖြစ်‌စေ တာရယ် သားက အခု ဘယ်အနေအထား မှာ နေရလဲဆိုတာကို မေမေ သဘော‌ပေါက်ပါတယ် မိဘတွေအမှားကို သားက ခံနေရတာ ယောင်္ကျားလေး ဖြစ်ပေမယ့် မိန်းကလေး နေရာကနေ နေပေးရတာကို "

"ရပါတယ် အမေရယ် အမေတို့အမှားမဟုတ်ပါဘူး ကျွန်တော်အဆင်ပြေပါတယ် ကံပေါ့အမေရယ် ဖြစ်မယ့်ကံပါလာလို့ ဖြစ်သွားတယ်လို့သာမှတ်လိုက်ပါ သူများတွေဝေဖန်တယ်ပုတ်ခက်တယ်ဆိုလဲ လစ်လျှူရှုထားလိုက်ပါ့မယ် မိန်းလေးနေရာက နေရပေမယ့် သူ့အနေအထားနဲ့ ကိုယ့်အနေအထား အရွယ်အစားကအစ သူကငယ်ပေမယ့် ကွာတာကိုးအမေရယ် ကျွန်တော်က နားလည်ပေးရမှာပေါ့ ကျွန်တော် အားလုံးကို လက်ခံနိုင်ပါတယ် မမုန်းပါဘူး သူကျွန်တော့ကို ဒီလို အရယူလို့လဲ နောက်ပြီး အဒေါ်တွေကိုကော နောက်ပြီး ဝေဖန် ပုတ်ခက်နေတဲ့သူတွေကိုကော အားလုံးကို ကျွန်တော်မမုန်းပါဘူး သားသည်းခံတက်ပါတယ် သူ့ကိုတော့ သားက တူလိုမျိုးချစ်တာကို သူ့ကို ချစ်သူလိုချစ်ဖို့ကတော့ ခက်တော့ခက်ခဲတယ်အမေရဲ့ ချစ်လာအောင်‌ကြိုးစားရမှာပေါ့ စိတ်ကိုတော့ အတက်နိုင်ဆုံး ပြင်ကြည့်‌နေပါတယ် ကျွန်တော်သူ့ကို ချစ်လာမှာပါ အခုက သူကအိမ်ထောင်ဦးစီးဖြစ်နေပြီ သူ့စကားကို အလေးထားရတော့မှာ အမေရဲ့ သူကတော့ အကုန်လိုလေသေးမရှိလုပ်ပေးနေပေမယ့် ကျွန်တော်က ပိုသိတက်ရမှာပေါ့ ကျွန်တော်တစ်ခု အမေ့ကိုပြောချင်တာကလေ အဖေ့ကို အရင်လို မလုပ်ပါနဲ့တော့လို့ သားဖြစ်သူက အိမ်ထောင်ကျသွားပြီ သူ့အိမ်ထောင်ဖက်မညိုငြင်ရအောင် နေရမှာ သူက အဆင်ပြေအောင် အကုန်လိုက်လုပ်ပေးနေပေမယ့် အခွင့်အရေးက အမြဲတမ်းမယူကောင်းဘူးလေ အကုန်သူလိုက်လုပ်ပေးနေတာ ပံ့ပိုးပေးနေတာ  ထပ်ခါ ထပ်ခါ မဖြစ်အောင် အခုအခြေအနေနဲ့ ရပ်သင့်ရင်ရပ်ပြီး ကိုယ့်ဘာသာ တိုးပွားလာအောင်လုပ်သင့်တယ်အမေရယ်"

အမုန်းအနန္ဒ (Completed)Onde histórias criam vida. Descubra agora