Unicode
ထိုသို့ရုန်းရင်းစံခက်ဖြစ်နေတော့ ဆူဆူညံညံနဲ့မို့ ကြည့်လိုက်တာ သူ့မောင်ဖြစ်နေတာမြင်တော့ သူ့အနားကို အကိုတွေအမတွေကလဲ ရောက်လာပြီးတော့ မျက်နှာကြည့်မိတဲ့အခါ ပါးနှစ်ဖက်လုံး ရောင်နေတာ ဒါ့ကြောင့် သူအရိုက်ခံရတာသိသွားတော့ ဒေါကန်ကြတာပေါ့
"ဟေ့ကောင်မင်းဘာလုပ်တာလဲ ငါ့ညီကို လွှတ်စမ်းအခုချက်ချင်း "ကိုနိုင်ထူးက ပြောတယ်
ကိုဥက္ကာကလဲ "ဟေ့ယောင် မင်းလူပါးတော်တော်ဝပါလား ငါ့ညီကိုများ ရိုက်ရအောင် ငါ့ညီက မင်းကို ဘာအမှားကြီးကြီးမားမားလုပ်လို့လဲကွ " ပြောတော့
မမီမီကလဲ "အောင်မာ နင်ကများ လူပါးဝလို့ ငါ့မောင်ကိုများ ရိုက်တယ်ရှိသေးတယ်"
ထိုအချိန်ထိ ဦးထွန်းအောင်စိုင်းဝင်မပါဖြစ်သေး
ဟိုလူရဲ့ ကောင်မလေးက "ရှင်တို့ကအများနဲ့တစ်ယောက် အနိုင်ကျင့်တာလား ဥပဒေဆိုတာရှိတယ် အနိုင်ကျင့်ရဲကျင့်ကြည့် ရဲတိုင်မှာ ရှင်တို့ကို"တဲ့
"အမ ကျွန်တော်ပြောတာနားထောင်ပါဦးလား ကျွန်တော်ရှင်းပြပါ့မယ် အမအထင်လွဲနေတာပါ.."
"ဘာအထင်လွဲတာဟုတ်လား ခါးပိုက်နှိုက်ကများ "ဆိုပြီး ထက်ရိုက်ရန် လက်ရွယ်စဉ် ဈာန်ထက်မြတ် မျက်လုံးစုံမှိတ်မိသားဖြစ်သွားပြီး
အားလုံးက "မောင်လေး" "ညီလေး" ဆိုပြီးပြိုင်တူအော်မိရက်သား သူမရဲ့လက်က သူ့ပါးပေါ်မရောက်လာတော့ မျက်လုံးလေးဖွင့်ကြည့်လိုက်တော့
သူမ၏ လက်ရုတ်တရက် အဖမ်းခံလိုက်ရတယ် ထိန်းတဲ့သူက ဦးထွန်းအောင်စိုင်း
"မင်းကများ ငါ့ညီကို လက်တင်မလို့ပေါ့ဟုတ်လား""လက်မတင်ခင်နင်တို့ ငါ့မောင်ကို ခုနကစော်ကားထားတဲ့ အတွက် ရဲစခန်းမှာ ရှင်းမယ် နင်တို့နှစ်ယောက်လုံး ပဲထမင်းစားဖို့ပြင်ထားကြ" ဆိုပြီး ဒေါ်မေဇင်ဒေါသနဲ့ အော်ပြောလိုက်တယ်...
ကောင်မလေးက "ကောင်းပြီလေ ပဲထမင်းစားရမှာ ရှင်တို့လူလားကျွန်မတို့လားဆိုတာ စခန်းရောက်ရင် ကြည့်ရတာပေါ့ "
ESTÁS LEYENDO
အမုန်းအနန္ဒ (Completed)
Ficción GeneralUnicode သာမာန်မိသားစုတစ်ခုမှပေါက်ဖွားလာပြီး မိမိကြိုးစားမှု့ကြောင့် အမြင့်တစ်နေရာ သမာအာဇီဝကျကျ တက်လှမ်းနေဆဲ ဖြစ်ကာကုမ္ပဏီတစ်ခုမှာ ရာထူးတစ်နေရာရရှိနေတဲ့သူ ကျောင်းပြီးသည့်တိုင် ပြင်ပမှာ သင်တန်းများ diploma များသင်ယူရင်း တစ်ဖက်မှာလဲ အပိုဝင်ငွေကို စာသင...