Unicode
"ငါ့မောင်ရယ် အမတို့ကိုဘာလို့မပြောရတာတုံး MBA တက်ဖို့ဘာမှမပူနဲ့ အမတို့တက်တဲ့အခါ လိုက်တက်ချည် ဟုတ်ပြီလား"
"ဟုတ်အမ အခုမတက်သေးပါဘူး နောက်နှနှစ်လောက်မှတက်တော့မှာ အာ့" စကားပြောလိုက်တော့ ရိုက်ခံထိထားတဲ့ ပါးတစ်ချမ်း နာသွားတယ်
"ပါးနာသွားတာလား "
"ဟုတ်"
ထိုအချိန်ဖုန်းဝင်လာတယ် ဈာန်ထက်မြတ် ဖုန်းကိုကိုင်လိုက်တော့ အဖေဆက်တာဖြစ်နေတယ်
"ဟယ်လို အဖေ ပြောလေ"
📞အင်း သား အဖေ မင်းအမေဆီကကြားပြီးပြီ အဆင်ပြေရဲ့လား သက်သာရဲ့လား မိနှင်းတို့များ ကိုယ့်တူကိုတောင် လုပ်ရက်တယ်ကွာ
"ထားလိုက်ပါတော့အဖေရယ် ကျွန်တော်လဲ အရိုက်ခံရမယ့်ကံပါလာလို့ သာမှတ်လိုက်တယ် နောက်လည်း အရိုက်မခံရဘူးလို့မှမပြောနိုင်တာဘဲ ကံပေါ့မတက်နိုင်ဘူး "
📞အဖေ့အမှားပါကွာ အဖေစမိလို့ သားက ကြားကနေ အရိုက်ခံကတာ ဒါနဲ့သူကော ပြန်သွားပြီလား
"ထောင်ထဲမှာ တရားစွဲထားတယ်"
📞သားရယ် မင်းအဒေါ်လေ မလုပ်ကဘူးလေ ပြန်လွှတ်လိုက်ပါ
"ဪ ဒါဆို ကျွန်တော်က မွေးစားသားလားအဖေ " ငိုပြီးပြောလိုက်တယ်
📞အဖေပြောတာ အဲ့လိုမဟုတ်တာ သားသိသားဘဲ
"သိပါတယ် အဖေ သားအရိုက်ခံရလို့ နာတာက တကဏ္ဍ အဖေ သားကုမ္ပဏီမှာ အရှက်ခွဲခံခဲ့ရတာနော်အဖေ စကားနဲ့ကော လက်နဲ့ပါ အစော်ကားခံခဲ့ရတာ"
📞အဖေသိပါတယ်ကွာ ကိုယ့်အဒေါ်က အဒေါ်ဘဲလေ
"အန် အဖေ ကျွန်တော်က အဖေ့သားဟုတ်ပါတယ်နော် အဖေအခုပြောနေတာ အာ့ ဘာမှသွေးမတော်သားမဆက် ကျွန်တော်တို့ကို လမ်းဘေးရောက်အောင်လုပ်တဲ့သူဘက်ကနေအဖေပြောနေတာနော် အာ့ ကျွတ်ကျွတ်.."ပြောရင်းနာလို့ ညည်းမိတယ်
📞 သားမင်းဘယ်လိုပြောလိုက်တာလဲ
"အဖေ သူက ကျွန်တော့ကို ကုမ္ပဏီမှာ ဘာပြောသေးလဲသိလား ကျွန်တော်ကတဲ့ အဖေ့ကို အိမ်ပေါ်က နှင်ချတဲ့ အရိုင်းအစိုင်းကောင်တဲ့လေ အဖေ့ကို ကျွန်တော် နှင်ချလို့လား အမေနဲ့ စကားများပြီး အနိုင်ယူကာ အမေပြောတဲ့စကားလေ အဖေ့ ကို ကျွန်တော်တစ်ခါမှ မနှင်ချဘူးဘူး အန်တီက ကျွန်တော့ကို ကုမ္ပဏီမှာ ဖအေကို နှင်ချတဲ့သားဖြစ်အောင်ကို ပြောသွားတာ အဖေ ကျွန်တော်ရှက်တယ်အဖေ နောက်ထပ် ဘာပြောသေးတယ်ထင်လဲ နင့်အဖေကို နင်ပြန်ခေါ်တဲ့ အလုပ်မရှိအကိုင်မရှိကို ငါတို့မကျွေးနိုင်ဘူးတဲ့လေ "
ŞİMDİ OKUDUĞUN
အမုန်းအနန္ဒ (Completed)
Genel KurguUnicode သာမာန်မိသားစုတစ်ခုမှပေါက်ဖွားလာပြီး မိမိကြိုးစားမှု့ကြောင့် အမြင့်တစ်နေရာ သမာအာဇီဝကျကျ တက်လှမ်းနေဆဲ ဖြစ်ကာကုမ္ပဏီတစ်ခုမှာ ရာထူးတစ်နေရာရရှိနေတဲ့သူ ကျောင်းပြီးသည့်တိုင် ပြင်ပမှာ သင်တန်းများ diploma များသင်ယူရင်း တစ်ဖက်မှာလဲ အပိုဝင်ငွေကို စာသင...