Episode 21

1.5K 86 2
                                    

Unicode

ဈာန်ထက်မြတ် အိပ်ခန်းထဲရောက်တော့ ခဏလှဲလိုက်တယ် အဖြူရောင်ကြောင့် သူ့စိတ်တွေကြည်နူးနေမိတယ်

ခဏနေတော့ စာဖက်လိုက်တယ် နာရီဝက်လောက်နေတော့ စာဖက်တာသိမ်းပြီး ဘုရားရှိခိုးပြီး အိပ်ယာဝင်လိုက်တယ် အိပ်ယာဝင်ရင်း တစ်နေ့တာ လုပ်ထားတာတွေကို ပြန်စဉ်းစားနေလိုက်တယ်..

ထိုအချိန် အခန်းတံခါးခေါက်သံ ကြားလာတော့ ဈာန်ထက်မြတ် တံခါးထဖွင့်လိုက်တယ်..

"ဪ သားဆွတ်ပါလား ဘာဖြစ်လို့လဲ သား"

"အိပ်ယာ အပြောင်းအလဲ ဖြစ်နေမှာမို့ အိပ်လို့ မရမှာ စိုးလို့လေ ဒါ့ကြောင့် ပြီးတော့ ရေချိုးခန်း မှာ ခလုပ်မရှိဘူးနော် ပြမယ်လာခဲ့ သူက sensor နဲ့ ပြီးတော့ touch လုပ်ကမှာ "

"ဟုတ်လား သား"

"အင်း ဒီမှာကြည့် ဒီလိုလုပ်ရတယ်" ဆွတ်စိုင်းလုပ်ပြတာကိုကြည့်ပြီးမှတ်ထားလိုက်တယ်

"ရေချိုးကန်နဲ့ချိုးမယ်ဆိုရင် ဒီခလုပ်ကို နှိပ်လိုက်ရုံဘဲ ရေချိုးကန်ထဲ ရေ auto ပြည့်သွားလိမ့်မယ် ပြည့်ရင် သူ့ဘာသာသူ ရပ်သွားလိမ့်မယ် toilet ကတော့ sensor နဲ့ဘဲ ဒါတော့သိမှာပါ"

"အင်း"

"မီးပိတ်ဖို့က ခလုပ်နဲ့ ပိတ်စရာ မလိုဘူး လက်ဖြောက်တီးလိုက်ရုံဘဲ တီးကြည့်လိုက်"

"အင်း" ဆိုပြီး လက်ဖြောက်လေး တီးလိုက်တော့ မီးလေးတွေ မှိတ်သွားပြီး ခေါင်းရင်းမီးလေး‌ဘဲ ကျန်ခဲ့တယ်...

"ပြီးတော့ ရော့ dream catcher လေး အိပ်မရမှာစိုးလို့ အခန်းထဲမှာ တက်ထားလိုက်"

"အင်း"

"တအင်းအင်းနဲ့ ဦးဘာဖြစ်နေတာလဲ"

"ဘာမှမဖြစ်ပါဘူး အင်းအပြင်ဘာပြောစရာမှ မရှိလို့လေ သားရယ်"

"ပြီးတာဘဲဒါဆို ဗိုက်ဆာ‌လား ဆာရင် ဘေးမှာ ရေခဲသေတ္တာ ရှိတယ် အဲ့မှာ စားစရာတွေ ထည့်ထားတယ် ယူစား လိုက်ရတယ်..."

"အင်း ဦးစာရင် ယူစားလိုက်မယ် "

"တစ်ခုခုဆို ပြောကျွန်တော့် အခန်းက အရှေ့ကအခန်းဘဲ "

အမုန်းအနန္ဒ (Completed)Tempat cerita menjadi hidup. Temukan sekarang