Episode 47

2.1K 81 3
                                    

Unicode

ဆွတ်စိုင်း သူ့အိမ်ကိုမပြန်သေးဘဲ သူ့မိဘအိမ်ကို လိုက်သွားဖြစ်တယ် အိမ်ရောက်တော့ သူတို့နှစ်ယောက်ကို ဒေါ်မီမီကအိမ်ရှေ့မှာဆီးကြိုတယ်

"ပြန်လာပြီ ငါ့သားမက်လေးနဲ့ သားတော်မောင် တော်တော်မှပျော်ခဲ့ရဲ့လား ဖူးခက်မှာ "

"မီရယ် သားတို့ကိုအိမ်ထဲဝင်ခိုင်းလိုက်ပါဦးအရင်"

"အင်းကိုစိုင်း လာသားမက်ကလေး ဝင်လာခဲ့ "

"ခဏနားမလား အရင်အိပ်ခန်းမှာဘဲသားမက်လေး"

"ဗျာ ဟင့်အင်း အခြားအခန်းမှာဘဲ "ဈာန်ထက်မြတ် ကြောက်ကြောက်လန့်လန့်နဲ့ပြန်ပြောတယ်..

"အင်း sorry အမနားလည်ပြီ သားဆွတ်သားအခန်းထဲခေါ်သွားပြီး နားလိုက် ညနေမှ ပြန်တော့ နေ့လည်ထမင်းထလာစားလှဲ့ သားတို့ကြိုက်တာ‌တွေချက်ထားမယ်"

"ဟုတ်မေမေ"

"လာချစ်လာ မောင့်အခန်းထဲသွားမယ် မောင့်အခန်းထဲမှာဘဲ အိပ်တော့နော်"

"အင်း" ဆိုကာ လိုက်သွားလိုက်တော့တယ်"

ကုတင်ပေါ်မှာ သေချာလှဲပေးကာ နှဖူးကို ဆွတ်စိုင်း နမ်းပြီး အခန်းအပြင်ထွက်ပြီး အမေတို့နဲ့ စကားသွားပြောလိုက်တယ်

"မေမေ "

"အေးသား "

"မေ‌မေ့အတွက်ကော ဖေ‌ဖေ့ အတွက်ကော ဖူးခက်အပြန် လက်ဆောင်ပါတယ်  လက်ဆောင်ကကားပေါ်မှာ ခန သားသွားယူလိုက်ဦးမယ် "

"အေးသား "" အေးသား" ခနကြာတော့ပြန်လာကာ

"လှသားဘဲ ခြေချင်းလေး ခရုရယ် ရောင်စုံကျောက်ခဲလေးရယ်နဲ့လုပ်ထားတာ တွဲလောင်းလေးတွေနဲ့ ဒါလေးက လက်ပက်လေး ကိုစိုင်း ကြည့်ပါဦး လှလိုက်တာ ခရုလေးကြားညှပ်ပြီး ကျောက်ပတီးစေ့လေးတွေ ထည့်သီထားတာ ဝါး ဒါက ပြောရရင် ကျောက်နဲ့ လုပ်ထားတဲ့ ဆွဲကြိုးလေးပေါ့ တော်တော်အသေးစိတ် လုပ်ထားတာ လက်ရာကတော့ လှပနေတာဘဲ တော်တော်လက်ဝင်မယ် "

"ဟုတ်တယ်မေမေရဲ့ မေမေနဲ့ လိုက်မယ်ထင်လို့ဝယ်လာတာ သားတောင်မရွေးတက်လို့ မေမေ့သားမက် ရွေးပေးလို့ ဒီဟာလေးရတာ "

အမုန်းအနန္ဒ (Completed)Donde viven las historias. Descúbrelo ahora