Unicode
မေမေတို့ စာဖြေနေတုံး သူတို့ ပထမတိုင်ပင်ထားသလို မလုပ်တော့ဘဲ မေမေတို့နဲ့ အတူသွားဖို့ ညှိလိုက်တယ် လေးယောက်သား မိဘတွေကို ထိုင်စောင့်ပြီး ဂိမ်းသာအေးဆေးဆော့နေလိုက်တယ် ၂ နာရီလောက်နေတော့ ထွက်လာကြတယ် ဦးကနောက်ဆုံး ၁၀ မိနစ်လောက်နေမှ ထွက်လာကြတယ် ဒီလိုနဲ့ အားလုံး စခန်းကို ချီတက်ကြတယ်..
စခန်းရောက်တော့ နှစ်ယောက်လုံး အချုပ်ခန်းထဲရောက်နေတာ တန်းတွေ့ရတယ်
ဆွတ်စိုင်းမဲ့ပြုးလေးပြုံးပြီး တစ်ဖက်လှည့်ကာ ဦးကိုဘဲကြည့်နေလိုက်တယ်
"စခန်းမှူး ဒီမှာဆေး ထောက်ခံစာ video သက်သေ လူသက်သေ အစုံရှိပြီ အမှု့ဖွင့်ပေးပါ" ဒေါ်ပပ ပြောလိုက်တယ်
"ဟုတ်ကဲ့ ဒါနဲ့ ကာယကံရှင်က ကော ဖွင့်ဖို့ ဆန္ဒရှိပါသလား သေချာမေးပါဦး"
"ကဲမောင်လေး ဘယ်လိုလဲ ဆန္ဒရှိတယ်မှတ်လား "
"အမ ဟို သူတို့က ဒီအမှု့ပြင် အခြားအမှု့ရှိသေးတယ် မှတ်လား ဒါဆိုပိုအပြစ်ကြီးသွားမယ်ထင်တယ်နော် သနားပါတယ်အမရယ် အသားအနာခံရပေမယ့် ဆွဲမယ်ဆိုလဲလေ အမပြောတဲ့ သုံးမှုကနေ တစ်မှု့လောက်ဖြစ်ဖြစ်ဘဲ ဆွဲပါလား သရေဖျက်မှု့လောက်ဘဲလေနော်အမ သူတို့လဲသနားမိတယ် အမရယ် တကယ်ဆို ကျေအေးပေးလိုက်ချင်တယ်ဖြစ်လာမယ့်အကြောင်းပါလာနေတော့လဲ ဖြစ်သွားတယ်လို့ သဘောထားရမှာပေါ့ အမရယ်"
"ငါ့မောင်နယ် အရာရာကို သည်းခံနေတော့တာဘဲ ငါ့မောင်စော်ကားခံထားရတာ လူပုံအလယ်မှာနော် အခုတောင်ပါးက ညိုမဲနေတာ ငါ့မောင် လူတွေအပေါ် တော်တော်သနားတက်တာဘဲလား ငါ့မောင်ရယ်" မပပ မျက်ရည်ကျတယ်
"အယ်အမရယ် မျက်ရည်မကျပါနဲ့နော် အမစိတ်တိုင်းကျသာလုပ်ပါ့မယ်နော် စခန်းမှူး အမှု့ဖွင့်ပါ့မယ်ဗျ အမပြောထားတဲ့အမှု့အတိုင်းဘဲနော်ဖွင့်လိုက်ပါဗျ"
"ငါ့ညီရယ် " ဆိုပြီး အကိုတွေကလဲ စိတ်မကောင်းကြ
ကလေးတွေကတော့ ဦးရဲ့ သနားမှုကြီး အပြစ်မမြင်မှု့ကြီးကို လက်မြှောက်နေကြတဲ့ပုံစံ ....
CITEȘTI
အမုန်းအနန္ဒ (Completed)
Ficțiune generalăUnicode သာမာန်မိသားစုတစ်ခုမှပေါက်ဖွားလာပြီး မိမိကြိုးစားမှု့ကြောင့် အမြင့်တစ်နေရာ သမာအာဇီဝကျကျ တက်လှမ်းနေဆဲ ဖြစ်ကာကုမ္ပဏီတစ်ခုမှာ ရာထူးတစ်နေရာရရှိနေတဲ့သူ ကျောင်းပြီးသည့်တိုင် ပြင်ပမှာ သင်တန်းများ diploma များသင်ယူရင်း တစ်ဖက်မှာလဲ အပိုဝင်ငွေကို စာသင...