Episode 4

3.6K 168 2
                                    

Unicode

ချိန်းထားသည့် အင်းယားပန်းခြံသို့ ဦးစွာရောက်ရှိလာသူကတော့ တမူထူးတဲ့ ဈာန်ထက်မြတ် ဘဲဖြစ်ပါတော့တယ်....

ဈာန်မနိုင်မနင်းပစ္စည်းများကို သယ်ပိုးပြီး ပန်းခြံထဲသို့ ဖိုသည်ဖက်သည်ဝင်ရောက်လာခဲ့တဲ့အခါ ပန်းခြံစောင့် ဦးလေးကြီးကတောင် မနေနိုင်လို့ ဝင်သယ်ပေးရတဲ့အဖြစ် လိုင်းကားတိုးစီးလာကာ ဂိတ်စမို့တော်သေးတယ် နေရာရလို့ မိမိတို့ လက်လုပ်လက်စားသမားများအဖို့က အရာရာ ချိုးခြံချွေတာရမှာပေါ့လေ......

အထဲရောက်တော့ ကူသယ်ပေးတဲ့ ဦးလေးကို ပြုံးပြပြီး
"ကျေးဇူးတင်ပါတယ်နော်ဦး အခုလိုကူညီပေးတာ"

" ဦးဟို ဘယ်လိုမှမမြင်ပါနဲ့ ဦးလဲနေပူထဲမှာ ထိုင်နေရတာဆိုတော့လေ ဗိုက်ဆာမှာပေါ့ ကျွန်တော့မှာ မုန့်လေးတွေပါတယ်ဦး စားပါလားဟင်" လို့ပြောလိုက်တော့

"ငါ့တူရယ် ငါ့တူသာစားပါ ငါ့တူကြည့်ရတာ ပိန်ပိန်လေး အသားကလဲ ဖွေးဖွေးနဲ့ အဝေးကြီးကလာရပုံဘဲ ငါ့တူသာ အပန်းပြေ စားချည် ဟုတ်ပြီလား ဦးက မနက်စာစားခဲ့ပြီငါ့တူသာစား ကြားလား" ဟု ဦးလေးကြီးကပြောလိုက်တယ်...

"ဟုတ်ကဲ့ဦး" ဟု ရိုသေစွာပြန်ပြောလိုက်တယ်...

ထို့နောက် ချိန်းထားတဲ့နေရာသို့ အဖွဲ့ဝင်များအသီးသီး ရောက်ရှိလာရာမှ မမြင်ဘူးတဲ့ တစိမ်း ၄ယောက်ပါနေသည်ကို ဈာန်ထက်မြတ် သတိထားမိတယ်....
" အကိုတို့ အမတို့ မင်္ဂလာပါနော် နေပူကြီးကလာတော့ပင်ပန်းနေကြမှာပေါ့ ခဏလေး ကျွန်တော် ရေအေးအေးလေး သွားဝယ်ပေးမယ် ခဏစောင့်နော် အကိုတို့အမတို့" ဆိုပြီး အပြေးလေး ပန်းခြံရှိစားသောက်ဆိုင်မှာ ရေသန့် ၁၀ ဘူး pocarisword ၁၀ ဘူး Nutri boot ၅ဘူး pocarisword မရှိတော့လို့ ဝယ်လာခဲ့လိုက်ပြီး သောက်ဖို့ ဝေပေးလိုက်တယ် မိမိကတော့ ရေသန့်ဘူးလေး သာသောက်ဖြစ်တယ် အကုန်လုံးက မောမောနဲ့ pocarisword ကိုသာ ဖွင့်သောက်ကြတယ် ပါလာတဲ့ သူစိမ်းလေးယောက်မှ အရပ် အခြား၃ယောက်ထက် မဆိုသလောက် ပိုရှည်တဲ့ကောင်လေးက စတင်စကားပြောလာတယ်

"ကျွန်တော်က အဲ့ဒါတွေမသောက်ချင်ဘူး Red Bull ပဲ သောက်ချင်တာ Red Bull မဟုတ်ရင်မသောက်ဘူး" ဆိုပြီး ဆွတ်စိုင်းပြောလိုက်တယ်

အမုန်းအနန္ဒ (Completed)Donde viven las historias. Descúbrelo ahora