Episode 58

1.5K 71 3
                                    

Unicode

ဦးရန်ပြန်လာတော့ အမေက လွှတ်လိုက်တယ် ဆွတ်စိုင်းတို့ ဧည့်ခန်းမှာထိုင်နေရင်း ဦးရန်ဝင်လာတာတွေ့တော့

"ဦးရန်ထိုင်ဦး "

"ဟုတ်ကြီးဆွတ်စိုင်း" ထိုင်လိုက်ပြီးပြောလိုက်တယ်

"အင်း အကိုတို့ ခဏနေရင်ပြန်မယ် ဒီကိုလာဖို့က ကြာဦးမှာ အနည်းဆုံးအားတဲ့အချိန် တစ်ပတ်ကိုတစ်ခါလောက်တော့ ရောက်အောင်လာမှာ ဦးရန်က အိမ်ထဲမှာ နေရမှာဆိုတော့ အမေတို့ အဖေတို့နဲ့ ပိုထိတွေ့တာများမှာ ဒါ့ကြောင့်စိုးရိမ်တာတွေများနေတာ အဖေတို့အမေတို့ကို သေချာဂရုစိုက်ပါ နံပါတ်တစ်
နံပါတ်နှစ်က တစ်ခုခုထူးခြားရင် အကို့ဆီ ချက်ချင်းဖုန်းဆက်ပါ သေချာ မှတ်ထားနော် နံပါတ်သုံး ဈေးဆိုင်မှာ လိုအပ်တာတွေ အမြဲမပျက်ကြည့်ပါ့ ချို့ယွင်းတာ ဘာညာ မကြားချင်ဘူး လိုတာ အမေတို့ကိုပြော ပြောမရရင် အကို့ကို ဖုန်းဆက် နံပါတ်လေး အရှုတ်အရှင်းဘာမှမကြားချင်ဘူး ရည်းစားကိစ္စ အပေါင်းအသင်းကိစ္စ အခြားဘယ်လို အရှုတ်အရှင်းကိစ္စမျိုးမဆိုမကြားချင်ဘူး ကြားရင် အိမ်မှာမနေရတော့ဘူးအိမ်ပေါ်ကဆင်းရမယ် သားအမိနှစ်ယောက်လုံး နံပါတ်ငါး အလုပ်အ‌ပေါ် ဒီမိသားစုအပေါ်မှာ သစ္စာရှိပါ သစ္စာပျက်ယွင်းတာသိတဲ့နေ့ မင်းတို့ ဒီမှာ မရှိရမယ့်နေ့ဘဲ ဒါကို အကိုပြောချင်တယ် တစ်ခုခုဖြစ်လာရင် အကို့ကိုပြောအကိုဖြေရှင်းပေးမယ် ဘာမှထိန်ချန်မထားနဲ့ ဟုတ်ပြီလား မင်းအားတဲ့အချိန်တွေ အိမ်အလုပ်တွေဝိုင်းလုပ်ပေးပါ သန့်ရှင်းရေးဘာညာပေါ့ ဆိုင်မှာတော့ ရှိနေပေးရမှာ မှန်ပေမယ့် အလေးအပင် မနိုင်ဝင်ဆိုရင် မင်းလုပ်ဆရာမလိုဘူး အသစ်ခန့်ထားတဲ့ သူလုပ်လိမ့်မယ် မင်းတက်နိုင်တာတွေ ကို ရေသာမခိုဘဲ ကူညီပေး အကို ဒါကိုအဓိကထားပြောချင်တာ"

"ဟုတ်ကိုကြီးဆွတ်စိုင်း သားမှတ်ထားပါ့မယ် ယုံကြည်စိတ်ချပါ"

"အင်းကောင်းပြီချစ်ပြောဦးမလား"

"မောင်ပြောတာ ပြည့်စုံပါတယ် တစ်ခုဘဲ ထပ်ပြောချင်တာ သားဦးရန် အမေတို့ကို စောင့်ရှောက်ပေးပါ အလေးအနက်ထားပြောတာ ဒါပါဘဲ"

အမုန်းအနန္ဒ (Completed)Donde viven las historias. Descúbrelo ahora