Unicode
ညဆယ်နာရီခွဲသွားတော့ အချိန်လင့်သွားပြီး ဖြစ်လို့စာသင်တာ နားလိုက်တယ်...
"ကဲ သားတို့ အချိန်လင့်သွားပြီ ခဏနားပြီး အိပ်ကြတော့နော် ဦး စာခဏ လုပ်လိုက်ဦးမယ် မသိတဲ့စာဆိုရင်မေးလေနော် သားတို့"
"ဟုတ်ကဲ့ဦး "ကလေးများ ပြိုင်တူပြောလိုက်တယ်...
ဈာန်ထက်မြတ်လဲ ကလေးတွေ ကို နှုတ်ဆက်ပြီး အိပ်မယ့်အခန်းထဲ သွားလိုက်ပြီး စာအုပ်ဖွင့်ကာ စာလုပ်လိုက်တော့တယ် တစ်နာရီလောက် စာလုပ်ပြီး ဘုရားရှိခိုးကာ အိပ်လိုက်တော့တယ်..
သုတတို့အပြင်ဘက်မှာ ဈာန်ထက်မြတ် အခန်းထဲဝင်သွားတော့ ခဏနားပြီး စကားပြောနေလိုက်တယ်..
"သုတ ငါတို့သုံးယောက်တူတူ အိပ်ကြမယ်" လင်းမာန် ပြောလိုက်တော့
" အေးကောင်းတယ်ကွာ တူတူအိပ်ကြမယ် ငါ့အိပ်ယာက ဆန့်တယ် သုံးယောက်" သုတထွန်းပြန်ပြောလိုက်တယ်....
"မအိပ်ခင် ဂိမ်းဆော့ကြမယ် မအိပ်ခင်စားဖို့ မုန့်နဲ့အအေး သွားယူပြီး PUBG တိုက်မယ် ဘယ်လိုလဲ လင်းမာန် မြတ်သော်ဇင်"သုတပြောတော့
"အေးကောင်းတယ်" ပြိုင်တူပြောလိုက်တယ်..
"ဒါနဲ့ ဟိုကောင် ငဆွတ် လိုင်းပေါ်မှာရှိလားမသိဘူး ရှိရင် တူတူဆော့ရအောင်ခေါ်လိုက်မယ်" မြတ်သော်ဇင်ပြောလိုက်တော့
"အင်း" သုတထွန်း ပြောပြီး ရေခဲသေတ္တာထဲက မုန့်နဲ့ အအေးတွေယူပြီး အိပ်မည့်အခန်းထဲ လင်းမာန် နဲ့ မြတ်သော်ဇင်ခေါ်ကာ ဝင်လိုက်တော့တယ်...
"ငဆွတ် လိုင်းပေါ်မှာရှိတယ် ခေါ်လိုက်မယ်"
"အေး"
"သူဝင်လာပြီ ဟေ့ကောင်ငဆွတ် livik ဆော့မှာလား samhok ဆော့မှာလား "
"Livik ဆော့မယ် မြန်မြန်ပြီးတယ် "
"အင်းကောင်းပြီ ဆော့မယ် "
ဆွတ်စိုင်း ဂိမ်းထဲ ရောက်ရောက်ပြီးခြင်း စပြောတဲ့စကားက "ဟေ့ကောင်တွေ ဦးကဘယ်မှာလဲ ဘယ်လိုအိပ်မှာလဲ "ဆိုတော့
"ဟေ့ကောင် ငဆွတ် ဂိမ်းဆော့နေတာနော် မင်း ..." ဆိုပြီး ဆက်မပြောလိုက် မြတ်သော်ဇင်...
STAI LEGGENDO
အမုန်းအနန္ဒ (Completed)
Narrativa generaleUnicode သာမာန်မိသားစုတစ်ခုမှပေါက်ဖွားလာပြီး မိမိကြိုးစားမှု့ကြောင့် အမြင့်တစ်နေရာ သမာအာဇီဝကျကျ တက်လှမ်းနေဆဲ ဖြစ်ကာကုမ္ပဏီတစ်ခုမှာ ရာထူးတစ်နေရာရရှိနေတဲ့သူ ကျောင်းပြီးသည့်တိုင် ပြင်ပမှာ သင်တန်းများ diploma များသင်ယူရင်း တစ်ဖက်မှာလဲ အပိုဝင်ငွေကို စာသင...