Unicode
"ဒီလိုသားတို့ရဲ့ သားတို့ရဲ့ ရင်သွေးလေးကို အငှားကိုယ်ဝန်နဲ့ မွေးလို့ရတယ် သားရဲ့ နောက်ပြီး ဖန်ပြွန်သန္ဓေသား နဲ့လဲ ယူလို့ရတယ်သားရဲ့ "
"ဘယ်လိုလဲဟင်" ဈာန်ထက်မြတ် စိတ်ဝင်တစားမေးတော့
"နည်းလမ်း နှစ်နည်းရှိတယ် ကလေးနဲ့ သွေးမနှောတဲ့ အငှားကိုယ်ဝန်ဆောင်တာ ဥပမာ ဖန်ပြွန် သန္ဓေသားယူတဲ့ပုံပေါ့ အမျိုးသားရဲ့ မျိုးဥနဲ့ အမျိုးသမီးရဲ့ မမျိုးဥ အပြင်မှာ ပေါင်းစုံပြီး သန္ဓေတည်စေပြီး အငှားကိုယ်ဝန်ဆောင်စေမယ့် အမျိုးသမီး သားအိမ်ထဲကို ထည့်တာရယ် နောက်တစ်နည်း ကလေးနဲ့သွေးနှောတဲ့ အငှားကိုယ်ဝန်ဆိုတာလဲရှိတယ် သူက အမျိုးသား မျိုးဥကို အငှားကိုယ်ဝန်ဆောင်မယ့် မိန်းကလေး မျိုးဥနဲ့ပေါင်းစည်းစေတာ ရယ် သူကတော့ မိန်းကလေးရဲ့ မျိုးရိုးသွေးပါနှောတာပေါ့ အပေါ်ကဟာက သွေးမနှောဘူး ပေါ့ သားတို့ဆို အောက်ကဟာက ပိုသင့်တော်မယ် "
"အပေါ်ကဟာကတော့ကော " ဆွတ်စိုင်းမေးတာ့
"အဲ့တာဆို တစ်နည်းတော့ရှိတယ် မျိုးရိုး ကောင်းတဲ့ မျိုးရိုးထဲကနေ မျိုးဥကို အလှူခံ ဖန်ပြွန် သန္ဓေသားနည်းနဲ့ ပေါင်းစည်းပြီး ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးရဲ့ သားအိမ်ထဲ ထည့်ပေးလိုက်ရင် ရတယ်သား မိန်းကလေးနဲ့သွေးမနှောတော့ဘူးပေါ့ "
"အင်း ယူဖြစ်ရင် အဲ့တာက ပိုအဆင်ပြေမယ် စဉ်းစားဦးမယ် ယူဖြစ်လားမဖြစ်လားဆိုတာ ကျွန်တော်ကတော့ မယူချင်ဘူး ယူဖြစ်ခဲ့ရင်လဲ အသက် ၂၀ ကျော်မှ ယူမယ် ကလေးနဲ့ အဖေမကျ အကိုမကျ မဖြစ်ချင်ဘူး " ရေလိုက်ငါးလိုက်နဲ့ ပြန်ပြောတယ်
"ဪ အင်းပါ အန်တီနားလည်ပြီ"
"ဟုတ်"
ဈာန်ထက်မြတ်ကတော့ အတွေးချာချာလည်နေတော့တယ် နှစ်ခုလုံးက အခြားအမျိုးသမီး မျိုးဥပါလာရမယ့်ကိစ္စတွေကြီးဘဲမို့ တစ်ကယ်ဆို သူကိုယ်တိုင်သာ မွေးရရင် မွေးလိုက်ချင်တယ် အခုက အဆင်မပြေ ဖန်ပြွန်ဆိုရင်လဲ မိန်းကလေးက ဘယ်သူဆိုတာပါဖြစ်လာရင် နောင်အတွက် အဆင်မပြေ အခြားအမျိုးသမီးဆီကိုယ်ဝန်ဆောင်ခိုင်းလိုက်ရင်လဲ ထိုအမျိုးသမီးက သူ့နေဖြစ်လာတဲ့ သူ့သွေးသားတသ်စိတ်တစ်ပိုင်း ပါတာ်ဆိုပြီး မွေးကာမှနောင်ရှုတ်လာမယ့် အရှုတ်အရှင်းမှားနဲ့ စိတ်တော့ လေးမိတယ် ဆွတ်စိုင်းက ပေါ့ပေါ့ တွေးပြီးပြောပေမယ့် သူကတော့ မတွေးနိုင် အခုတော့ အဆိုပါအတွေးကို သူ ဖြောက်ဖျက်လိုက်ပြီး မေ့မေ့ပျောက်ပျောက် နေလိုက်တယ်
YOU ARE READING
အမုန်းအနန္ဒ (Completed)
General FictionUnicode သာမာန်မိသားစုတစ်ခုမှပေါက်ဖွားလာပြီး မိမိကြိုးစားမှု့ကြောင့် အမြင့်တစ်နေရာ သမာအာဇီဝကျကျ တက်လှမ်းနေဆဲ ဖြစ်ကာကုမ္ပဏီတစ်ခုမှာ ရာထူးတစ်နေရာရရှိနေတဲ့သူ ကျောင်းပြီးသည့်တိုင် ပြင်ပမှာ သင်တန်းများ diploma များသင်ယူရင်း တစ်ဖက်မှာလဲ အပိုဝင်ငွေကို စာသင...