Episode 40

2K 81 0
                                    

Unicode

Monday at Office meeting room

"အားလုံးမင်္ဂလာပါ ကျွန်တော် အခုကြော်ငြာစရာတစ်ခုရှိပါ တစ်ချို့တွေကတော့သိပြီးသားဖြစ်မှာပါ "ဦးထွန်းအောင်စိုင်းပြောတော့ အားလုံးက Attention ပေးကြတယ်

ဆွတ်စိုင်းက ဦးထွန်းအောင်စိုင်းနဲ့အနီးဆုံးခုံမှာထိုင်နေပြီး ဈာန်ထက်မြတ်ကတော့ ဆွတ်စိုင်းရှေ့တည့်တည့် ခုံမှာထိုင်နေတယ် ကျန်တဲ့ ဌာနဆိုင်ရာ မန်နေဂျာတွေ ရုံးချုပ်ရုံးခွဲကတာဝန်ရှိသူတွေ စက်ရုံကတာဝန်ရှိသူတွေ အသီးသီးထိုင်နေကြတယ်..

ဦးထွန်းအောင်စိုင်းရဲ့ Diamond Group of Company ဟာ ရှဲယာရှင်လက်မခံတဲ့ တစ်ဦးတည်း ပိုင်company ဖြစ်တာမို့ မည်သူမျှဂရုစိုက်စရာမလို တစ်ဦးတည်း ဆုံးဖြတ်နိုင်တဲ့အားသာချက်တော့ရှိတယ်

"လစ်လပ်နေတဲ့ CEO နေရာကို ကျွန်တော့ရဲ့ သား ဆွတ်စိုင်းက တာဝန်ယူမှာပါ ကျွန်တော့သားဟာ ထိုက်သင့်သလောက် ကုမ္ပဏီနဲ့ပက်သက်တဲ့ လေ့လာစရာတွေကို လေ့လာထားပြီး England နိုင်ငံ Oxford University ကနေ Business Management ဘာသာရပ်ကို သင်ယူပြီး ဘွဲ့ရခဲ့တဲ့သူပါ အသက်ကတော့၁၈ နှစ်ရှိပြီ ယုံကြည်စွာ နဲ့ ဆက်ဆံ လုပ်ကိုင်နိုင်ပါတယ် ကူညီပေးကြပါ အားလုံး"

"ဟုတ်ကဲ့" အားလုံးပြောကြတယ်

ဆွတ်စိုင်းက ထပြီး " ကျွန်တော်ကတော့ ဆွတ်စိုင်းပါ ဖေဖေပြောထားပြီးသားပါ အသက်ကတော့ ၁၈ ဆိုတော့ အများအမြင်မှာ ငယ်သေးတယ်ထင်ပါလိမ့်မယ် လုပ်ကောလုပ်နိုင်ပါ့မလား တွေးပါလိမ့်မယ် ထင်ကောင်းလဲထင်နိုင်ပါလိမ့်မယ် ကျွန်တော်မမူပါဘူး အလုပ်နဲ့သက်သေပြမှာပါ အားလုံးကလဲ ကျွန်တော်တောင်းတဲ့အကူအညီကို လိုလိုလားလားနဲ့ ကူညီဖို့မျှော်လင့်ပါတယ် ဘာကြောင့်ပြောရတာလဲဆိုရင် တစ်ချို့သောသူတွေက အသစ်ဝင်လာတဲ့သူကို ပညာတွေပြ ပညာတွေစမ်းပြီး ခေတ်စကားနဲ့ပြောရင် ဆေးထိုးကြတယ်ပေါ့ ဒါ့ကြောင့် အစစ်အမှန်ကူညီဖို့ပြောပါတယ် ဆေးထိုးမယ်ဆိုလဲထိုးပါ သိရင်တော့ အပြုတ်နဲ့ အထုတ်ပါဘဲ ရာထူးမှာ ဥက္ကဌ ကျွန်တော့ အဖေပြီးရင်ကုမ္ပဏီတစ်ခုလုံး စံမံပိုင်ခွင့်အပြည့်ရှိနေတဲ့သူပါ ကျွန်တော့ဆုံးဖြတ်ချက်ကို ဥက္ကဌတောင်မှ တားစီးလို့မရပါဘူး ဆက်ခံသူကလဲ ကျွန်တော်ဘဲဖြစ်လာမှာမို့ အားလုံးသတိပြုမိစေချင်ပါတယ် ပြောချင်တာဒါပါဘဲ"

အမုန်းအနန္ဒ (Completed)Donde viven las historias. Descúbrelo ahora