Episode 5

3.1K 163 1
                                    

Unicode

စာများစလုပ်ရာတွင် အဖွဲ့ဝင် ၁၀ ဦးလုံး ရဲ့ culture ကို သေချာသိနေတော့ တစ်ချို့က ပုံနဲ့ရှင်းပြရတယ် တစ်ချို့က main point များအား note ထုတ်ပြီး ပုံနှင့်တစ်ကွ ထပ်တူရှင်းပြပေးရတယ် တစ်ချို့တွက်စာများ ကို မိမိနှင့်အတူ example များနှင့်အတူ သေချာစွာရှင်းပြပေးရတယ် စာမကျက်နိုင်ကြပေမယ့် မိမိ ကိုယ်ပိုင်အရေးအသားနဲ့ ရေးနိုင်ကြတဲ့ လူကြီးများဖြစ်တာကြောင့် main point များအား မြင်အောင် ရွေးပြီး ခေါင်းထဲပို့ရတယ် ....

လူကြီးများနဖြစ်သည့်အလျှောက် Gratuitate level များဖြစ်ကြတော့ အရမ်းကြီးရှင်းပြစရာလို လွယ်လင့်တကူ နားလည်ကြတယ်....

၁၂ နာရီထိုးလာတော့ အစားစားဖို့ ပြင်ကြတဲ့အချိန်ရောက်လာတဲ့အခါ ဈာန်ထက်မြတ်က

" အကိုတို့အမတို့ ကျွန်တော် အကြော်အလှော်လေးတွေ အသုပ်လေး‌တွေ နဲ့ အစာပြေစားဖို့မုန့်လေးတွေလုပ်လာခဲ့တယ် စားပါဗျ"ဟု ပြောလိုက်တယ်

ဈာန်ထက်မြတ်က ဘူးလေးတွေဖွင့်ပေးလိုက်တော့ အားလုံးက အံဩမင်သက်သွားကြတယ် ယောင်္ကျားလေးတစ်ယောက်က ဒီလောက်ထိလုပ်နိုင်လိမ့်မယ်လို့ မထင်မိကြဘူး လုပ်လာတဲ့ အရာလေးတွေက ..... ငါးအသားလွှာကြော် ပြည်ကြီးငါးတန်ပူရာကြော် ပုစွန်တန်ပူရာကြော် လက်ဖက်သုပ် ဂျင်းသုပ် ဆလပ်ရွက် တွေနဲ့ တို့စားဖို့အချည် လေးတွေ သပ်သပ်ရပ်ရပ် လုပ်ထားတာ စားချင်စဖွယ်...အကိုတွေအမတွေက တစ်ယောက်မျက်နာ တစ်ယောက်ပြန်ကြည့်ကြတော့ ဈာန်ထက်မြတ်က

" ဟို.......မကြိုက်လို့လားခင်ဗျ ကျွန်တော်က တက်သလောက်လေး လုပ်လိုက်တာ အဆင်မပြေရင်တောင်းပန်ပါတယ်နော် မစားချင်ရင် ကျွန်တော်ပြန်သိမ်းလိုက်ပါ့မယ် sorry ပါ ဗျ" ဆိုပြီး ပြန်ဖုံးပိတ် အိတ်ထဲ ပြန်ထည့်နေတော့ အားလုံးက

" မဟုတ်ဘူး မဟုတ်ဘူး မောင်လေး အမတို့က အံဩနေကြတာ အမတို့တောင် ဒီလောက်မလုပ်နိုင်ဘူး မောင်လေးလုပ်လာတော့ မင်သက်သွားကြတာ အဝေးကြီးကနေလာတာတောင် အစောကြီးရောက်တယ် ဒီဟာတွေပါပြင်လာပေးတော့ အမတို့က မောင်လေးကို ပိုအားနာသွားတာ နောက်ပြီး စာလဲ ရှင်းပြရသေးတယ်လေ ပြီးတော့ ဖျာတွေအခင်းတွေကောစုံနေတာမို့ ထောင့်စေ့နေလို့ အရမ်းအံဩသွားကြတာ မောင်လေး" ဟုပြောလိုက်မှ...

အမုန်းအနန္ဒ (Completed)Donde viven las historias. Descúbrelo ahora