Episode 53

2K 75 0
                                    

ရေချိုးခန်းက ကိစ္စ ဝစ္စ များပြီးတော့ အင်္ကျီလဲ ပြင်ဆင်ကာ မနက်စာ စားဖို့ ကြည့်တော့ အိမ်မှာ ဘာမှမရှိ

"မောင် ဘာမှ မရှိဘူး "

"ထားလိုက် ချစ်ရဲ့ အမေတို့ဆီသွားရင်းနဲ့ လမ်းမှာ ဝယ်လိုက်မယ်"

"အင်း"

"ဒါဆိုသွားကြရအောင်လေ "

ဈာန်ထက်မြတ် မိဘအိမ်ကို သွားကြတော့တယ် လမ်းမှာ ပလာတာရယ် နို့ရယ် ဟန်ဘာကာရယ် ဝယ်ပြီး အိမ်ကိုသာသယ်သွားတော့တယ်

"ဪ ငါ့သားတို့ ရောက်လာပြီလား အလုပ်သမားတွေကတော့ ရောက်နေပြီ စတောင်ဆောက်နေကြပြီ ဖောင်ဒေးရှင်းတော့ ချပြီးပြီ"

"ဟုတ်အမေ အမေ မနက်စာမစားရသေးလို့" ဆွတ်စိုင်းပြောတော့

"သားတို့မစားရသေးဘူးလား အယ် အမေလုပ်ပေးမယ်" ပြောတော့

"ရတယ်အမေရဲ့ ဒီမှာဝယ်လာတယ် အမေတို့ဖို့ပါ အများကြီး"

"အောင်မလေး သားရယ် ပင်ပန်းခံပြီးဝယ်လာလို့ အမေတို့ကရပါတယ် မနက်စာတောင်စားပြီးပြီ ထမင်းကြော်နဲ့ ပဲပြုပ်နဲ့ နေ့လည်မှစားတော့မယ် "

"ဟုတ်အမေ ချစ် ဒါဆို စားလိုက်ကြရအောင်လေ အိမ်ထဲမှာ "

"သားရယ် ပေးအမေ့ကို အမေပြင်ပေးမယ် အိမ်ရှေ့မှာ ထိုင်စောင့်နေ ခဏဘဲ " ဆိုကာ ပြင်နေတော့တယ်

"မောင် အမေ့ကို သွားကူလိုက်ဦးမယ် ခဏနော်"

"အင်း မောင်စောင့်နေမယ် သွားလေ"

"အင်း " ဈာန်ထက်မြတ်သွားတော့ ထိုအချိန် ဈာန်ထက်မြတ်အဖေ ဝင်လာတယ်

"သားဆွတ် ရောက်နေပြီလား အဖေ ဝိုင်းလုပ်နေတာ အခု သားတို့လာတာတောင် မသိလိုက်ဘူး"

"ဘာလို့လဲ အဖေရာ မလုပ်ပါနဲ့ ပင်ပန်းရပင်ပန်းနဲ့ အလုပ်သမားတွေ လုပ်မှာပေါ့"

"သားရယ် သားခင်ပွန်း ပန်းပင်တွေ ကို သေချာဂရုစိုက်ရွှေ့နေတာ သူများက မသိဘူးလေ ပန်းပင်တွေက တန်ဖိုးကြီးလို့ ရှားတယ်လေအဲ့ဒါကြောင့်"

"ဟုတ်လား ချစ်ကပန်းပင် စိုက်ရတာ ဝါသနာပါတာလား"

"အဲ့လိုလဲ မဟုတ်ဘူးသားရဲ့ သူက အိမ်ရှေ့မှာ စိမ်းစိမ်းစိုစိုနဲ့ ရောင်စုံဖူးပွင့်နေကြရင် ဝင်လာတဲ့ သူတွေ စိတ်ချမ်းသာရအောင်လို့လေ အဲ့တာနဲ့ စိုက်တာ ဝါသနာထက် မေတ္တာ စေတနာပေါ့ သားရဲ့"

အမုန်းအနန္ဒ (Completed)Dove le storie prendono vita. Scoprilo ora