Unicode
"လူနာမေ့လဲတုံးကဘဲဖြစ်ဖြစ် ခေါ်လာခဲ့တုံးကဘဲဖြစ် တစ်ခုခုနဲ့ ထိခိုက်မိသေးလား"
"ဗျာ ""ရှင်""ဗျာ""ဗျာ" အကုန်လုံး အာမေဋိတ် ဖြစ်သွားတော့တယ် အကုန်လုံးစဉ်းစားတော့လဲ ဘယ်လိုမှ စဉ်းစားမရ
"သတိမထားမိဘူးဆရာ "ဆွတ်စိုင်းပြောတုံး
"ခဏလေးသားဆွတ် သားဆွတ်တို့ ရုံးမှာတုံးကကော သားဦးတစ်ခုခုနဲ့ထိမိသေးလား သူအရိုက်ခံရတော့"
"ဟင့်အင်း မြေကြီးပေါ်ဘဲ လက်ထောက်ကျသွားတာ အန် ခဏလေး ခဏလေး ဦးကိုရိုက်တဲ့ တစ်ယောက် ရိုက်ပြီးတော့ လက်လွှဲလိုက်တဲ့အခါ လက်မှာချိတ်ထားတဲ့ အိတ်နဲ့ ထိမိတယ် ထင်တယ် အိတ်ထဲက ဘာလဲမသိဘူး ဖေဖေ"
"ခဏလေး ဖေဖေ အဲ့အိတ်ကို ဘာလဲဆိုတာ မေးကြည့်မယ်"
"ဟယ်လို အေးငါ မနက်က ဈာန်ထက်မြတ် ကိုရိုက်တဲ့ သူကိုင်တဲ့ အိတ်ကို တစ်ချက်စစ်ကြည့် ဘာတွေ့လဲဆိုတာကို "
"အင်းငါစောင့်နေမယ် အခုချက်ချင်းပြော"
"ဘာ အေးဒါဘဲ"
"ကိုစိုင်းဘာတဲ့လဲ"ဒေါ်မီမီပြောတော့
"စတီးချိုင့်တဲ့ သူသွားပေါင်တော့ အပေါင်မခံလို့ သယ်လာတာနဲ့တူတယ် ဒါ့ကြောင့် ဈာန်ထက်မြတ် ခေါင်းကို ချိုင့်နဲ့ ရိုက်မိသွားတာ"
ဆရာဝန်က သုံးသပ်ပြီးတော့
"ဟုတ်ပြီ ချိုင့်ရဲ့ ဇောင်းနဲ့ ထိမိလို့ ပြင်းသွားတာ သေချာတယ် ဒါ့ကြောင့် သွေးခဲသွားတာ ခေါင်းမပေါက်ဘဲနဲ့ ခေါင်းထဲသွေးခဲသွားတာ စိုးရိမ်စရာတော့မရှိတော့ပါဘူး သွေးခဲတာကို ခွဲထုတ်ပြီးသွားပါပြီ ညနေလောက်သတိရလာပါလိမ့်မယ် နောက်ပြီးလူနာ ရှော့ တော်တော်ရသွားတာဖြစ်လိမ့်မယ် အသက်ရှုပါရပ်ကုန်လို့ အရေးပေါ် ကုလိုက်ရသေးတယ် ဒါ့ကြောင့် ပုံမှန် အချိန်ထက် ပိုကြာသွားတာ ခဏနေ ရိုးရိုးလူနာဆောင်ပြောင်းလိမ့်မယ် အဲ့ဒီခါမှ ဝင်လို့ရမယ် အခုတော့ ခဏစောင့်လိုက်ကြပါဦး"
"ဟုတ် " "ဟုတ်ကဲ့ရှင့်""ဟုတ်ကဲ့ ခင်ဗျ" အားလုံးပြောလိုက်တော့တယ်
YOU ARE READING
အမုန်းအနန္ဒ (Completed)
General FictionUnicode သာမာန်မိသားစုတစ်ခုမှပေါက်ဖွားလာပြီး မိမိကြိုးစားမှု့ကြောင့် အမြင့်တစ်နေရာ သမာအာဇီဝကျကျ တက်လှမ်းနေဆဲ ဖြစ်ကာကုမ္ပဏီတစ်ခုမှာ ရာထူးတစ်နေရာရရှိနေတဲ့သူ ကျောင်းပြီးသည့်တိုင် ပြင်ပမှာ သင်တန်းများ diploma များသင်ယူရင်း တစ်ဖက်မှာလဲ အပိုဝင်ငွေကို စာသင...