Unicode
မနေ့က Wifi လဲ ပျက် Mobile Internet လဲ မီးပျက်တော့ ပျက်ကုန်တာမို့ မ up လိုက်ရပါဘူး အခုပြန် up ထားပါတယ်နော်
=================================
အားလုံးက ကလေးထက် ဈာန်ထက်မြတ်သာစိုးရိမ်နေတာမို့ ကလေးဆီမသွားကြ နောက်တစ်နာရီလောက်နေမှ ဈာန်ထက်မြတ်ထွက်လာတော့ အထူးကြပ်မှတ် ကုသဆောင် ပို့လိုက်ပြီး ဆေးချိတ် ကာမှ ကြည့်ဖို့ လူတစ်ခါဝင် နှစ်ယောက် အလှည့်ကျနဲ့ ဘယ်သူမှ ဆေးရုံအခန်းစောင့်ခွင့်မရှိ အပြင်ပိုးတွေ ကူးမှာစိုးလို့ အခန်းထဲဝင်တဲ့သူတွေ PPE ဝတ်စုံ ပိုးသက်ပြီးမှ ဝင်ရတယ် သူသတိရလာကာမှ သက်သာလာမှအကုန် ဝင်ခွင့်ပြုမယ်ပြောထားလို့ ဒုက္ခတွေရောက်နေတော့တယ် ရဲတွေကလဲ ဆေးမှတ်တမ်းယူ အမှု့တည်ဆောက်ပြီး နှုတ်ဆက်ကာ ပြန်သွားတော့တယ် ထိုအချိန်မှသာ ကလေးကို သတိရပြီး သွားကြည့်ကြတော့တယ် ကလေးလေးရဲ့ ပုံးရှေ့မှာ baby zan htet myat 1 2 ဆိုပြီး တပ်ထားတယ် မီးပေးထားတဲ့ အောက်မှာ အိပ်နေကြတဲ့ နီတာရဲလေးတွေ
ကိုနိုင်ထူးသတိပေးမှု့ကြောင့် ဈာန်ထက်မြတ်မိဘတွေ အကြောင်းကြားလိုက်တယ် သူတို့သိတာကတော့ ကလေးမွေးပြီဘဲ သိတာ အခြားကိစ္စမသိကြသေး မိဘနှစ်ယောက်နဲ့အတူ မောင်ဦးရန်ပါ ပါလာခဲ့တယ်
"ကိုကြီးဆွတ်စိုင်း ကိုကြီး ဈန်ထက်မြတ် အဆင်ပြေလား ကလေးတွေကော "မေးတော့
"....." မနေနိုင်တဲ့ ကိုဥက္ကာကဘဲ
"အဒေါ် ကလေးတွေက ဖန်ပေါင်းကြောင်ထဲမှာ လရင့်ပေမယ့် ရက်မစေ့သေးလို့ မီးပြထားရတယ် ညီလေးကတော့ အထူးကြပ်မှတ်ဆောင်မှာ ဘယ်သူမှ မဝင်ရဘူး အသက်အန္တာရာယ်စိုးရိမ်စရာ မရှိပါဘူး ပြင်ပဒဏ်ရာ ထပ်ရလို့ သတိတော့မရသေးဘူး"
"ပြင်ပဒဏ်ရာ ? ဘာဆိုလိုတာလဲ "
"ပြန်ပေးဆွဲခံရတာ ကျောမှာ ဓါးထိထားတယ်"
"ရှင် " "ဗျာ " "ဗျာ" သုံးယောက်လုံး ပါးစပ်မပိတ်နိုင်တော့
"ဘယ်လိုဖြစ်ရပြန်တာလဲဗျာ မွေးခါနီးလူတစ်ယောက် ပြန်ပေးဆွဲခံရတယ်ဆိုတော့ " ဈာန်ထက်မြတ်အဖေပြာလာတော့
ESTÁS LEYENDO
အမုန်းအနန္ဒ (Completed)
Ficción GeneralUnicode သာမာန်မိသားစုတစ်ခုမှပေါက်ဖွားလာပြီး မိမိကြိုးစားမှု့ကြောင့် အမြင့်တစ်နေရာ သမာအာဇီဝကျကျ တက်လှမ်းနေဆဲ ဖြစ်ကာကုမ္ပဏီတစ်ခုမှာ ရာထူးတစ်နေရာရရှိနေတဲ့သူ ကျောင်းပြီးသည့်တိုင် ပြင်ပမှာ သင်တန်းများ diploma များသင်ယူရင်း တစ်ဖက်မှာလဲ အပိုဝင်ငွေကို စာသင...