2💙I'm in love with criminal💙
✨Part - 2✨"ကိုယ်ယောက်ျားလေးတွေကို စိတ်မ၀င်စားဘူး"
မိုးမလင်းသေးသည့် အချိန်အခါက မနက်၎နာရီ။ ကောင်းကင်က လင်းစပြုနေပေမယ့် ပတ်ဝန်းကျင်အား ရှင်းလင်းစွာ မမြင်ရသေး။ မိုးပေါက်များက အနည်းငယ်ရွာသွန်းနေသည်။ မိုးအေးအေးဖြင့် အိပ်၍ကောင်းသော အချိန်ကာလဖြစ်၏။
သာမန်နှစ်ထပ်ပျဉ်ထောင်အိမ်လေးတစ်လုံးကလည်း တစ်ခြားအိမ်များနည်းတူ တိတ်ဆိတ်၍ နေသည်။ လမ်းဆုံလမ်းခွမှာ ဆောက်ထားသည်ဖြစ်၍ နေရာကောင်းသည့် အိမ်လေးတစ်လုံးလည်းဖြစ်၏။ အိမ်သားများအိပ်နေကြဟန်တူသည့် အိမ်လေးဟာလည်း တိတ်ဆိတ်လို့နေသည်။
ထိုအိမ်လေး၏ အပေါ်ထပ်အခန်းတစ်ခန်းတွင်တော့ ကောင်လေးတစ်ယောက်ဟာ မအိပ်နိုင်ပါဘဲ အိပ်ရာထဲ လူးလှိမ့်၍ နေ၏။ မျက်လုံးမှိတ်လိုက်ပါရင်း ခဏကြာရင်ပြန်ပြန်ဖွင့်လာသည့် မျက်လုံးတို့က တစ်ခုခုကို အလိုမကျဟန်တူသည်။သူ့စိတ်ထဲဘာဖြစ်နေသည်လဲ ထိုကောင်လေးသာ သိလိမ့်မည်။
"ကျွတ်"
ပိုင်မြတ် စိတ်ရှုပ်စွာ ကျွတ်တစ်ချက်စုပ်လိုက်ပြီး အိပ်ရာပေါ် လှဲနေရာမှ ထလိုက်သည်။ မလင်းသေးသည့် နေရောင်ကြောင့် မနက်အစောပိုင်းဖြစ်နေဉီးမည်ဆိုတာ ပိုင်မြတ်သိ၏။ တိုကပ်နေသည့် အနက်ရောင်ဆံပင်တို့အား လက်ဖြင့်ထိုးဖွမိသည်။
အိပ်၍လည်း မရသည်မို့ သူရေချိုးရန်သာဆုံးဖြတ်လိုက်၏။အပေါ်အင်္ကျီချွတ်ချကာ ကုတင်ပေါ်ပစ်တင်လိုက်ပြီးရေချိုးခန်းထဲဝင်လိုက်သည်။ ဘေစင်ကမှန်မှာ ပေါ်နေသည့် ပုံရိပ်က သူ့အားအလိုမကျမှုအချို့ကို ဖြစ်ပေါ်စေတာတော့ အမှန်ပဲ ..
တစ်ညလုံးမအိပ်ထားသည့် ဒဏ်ကြောင့် သူ့မျက်ကွင်းများက ညိုနေသည်။တစ်ညလုံးမအိပ်ထားသည်ဆိုတာထက် အိပ်မရသည်ဆိုလျှင်ပိုမှန်နေလိမ့်နေမလား ...
အိပ်မရသည့် အကြောင်းတွေးမိတော့ ဖျောက်မရသည့် ခပ်ချောချောမျက်နှာတစ်ခုက သူ့အာရုံထဲရောက်လာပြန်သည်။ခေါင်းကို အတင်းခါယမ်းပါရင်း ထိုပုံရိပ်အား ထုတ်ပစ်မိ၏။ သို့ပေမယ့်လည်း အချည်းအနှီးသာ။
YOU ARE READING
I'm in love with criminal { completed }